လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Sunday, April 22, 2012

အချစ်ကို နှစ်တစ်ရာမက ချစ်ချင်သူ...

အချစ်ကို နှစ်တစ်ရာမက ချစ်ချင်သူ...

အချစ်ကို မသိတတ်သောသူ
အရင်က ငါ့ဘေးနားဖေးမတတ်တဲ့သူ
အခုတော့နောက်တယောက်ရဲ့ အချစ်က ငါ့ထက်ထူး
နောင်တတွေ တပူပူနဲ့ အချစ်ကို တန်ဖိုးမထားတတ်တဲ့လူ
ပစ်ခွါသွားရမယ့်လူတယောက်ကို
ချစ်မှာလားလို့တော့ မမေးချင်တော့ဘူး
တကယ်ဆို ငါ မင်းကိုချစ်တာကို သစ္စာတရားတွေနဲ့
ကျိမ်ဆိုပြီးချစ်ရမှာလားလို့ .....

အခုတော့ မင်းက ရက်စက်စွာပစ်ခွါသွားသူ
ငါက အချစ်ကို အနှစ်တစ်ရာမက ချစ်ချင်သူ....
တသီးပေါ် တသီးစား မဖြစ်ချင်သူ
တကယ်ဆို တယောက်သောသူတွက်သာ ချစ်သစ်ပင်ထူ
အနှစ်တစ်ရာမက ရင်ထဲက စကားတွေ ပစ်ခါ ပစ်ခါ ပြမယ်ဆိုရင်
နာ... ထပ်မေးမယ် ...........
ချစ်မှာလား ချစ်သူ.....???
ဘ၀အဆက်ဆက် အချစ်ကို ကံကောင်းအောင်
ဆုတောင်းနေရမယ့်လူလား
မလိုပါဘူး...............
မင်းသာ လက်တို့မယ်ဆိုရင်.........
ကျန်တာတွေ အားလုံး လစ်ခါသွားမှာပါ......။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...