လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Thursday, August 9, 2012

အစကတော့ သူစိမ်းတွေပါပဲ... တစ်ယောက်ယောက်က လက်အရင်ဆန့်ထုတ်တာနဲ့ သူငယ်ချင်းဆိုတာ ဖြစ်လာခဲ့ပါတယ်။

နာမည်ကြီး စကောတလန် စာရေးဆရာတစ်ဖြစ်လဲ ဟာသမင်းသား Roterက ပရိသတ်ကို "ဘေးကလူနဲ့ ခင်ဗျားတို့ ပုခုံးချင်းယှဉ်ပြီး ထိုင်နေတာ ၂ နာရီလောက် ရှိနေပြီ။ တစ်ယောက်နဲ့တစ်ယောက် စကားတစ်ခွန်းမှ မပြောကြပါလား?" လို့ ပြောလိုက်တယ်။ သူ့စကားကြောင့် ပရိသတ်တွေ ရယ်မောခဲ့သလို လူတစ်ချို့က ကိုယ့်ဘေးမှာ ထိုင်နေသူတွေကို ထနူတ်ဆက်ကြတော့တယ်။

ဒီလောက်ပဲ လွယ်ကူရိုးရှင်း ခဲ့ပါတယ်... ဘေးမှာရှိနေတဲ့သူက ကိုယ့်ရဲ့စကားလေးတစ်ခွန်း၊ အပြုံးလေးတစ်ပွင့်နဲ့ ကိုယ့် "သူငယ်ချင်း" ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ကျမတို့တစ်တွေက တစ်ခါတလေ ကိုယ့်ကို အထင်ကြီးမှု၊ လူတန်းစား၊ လူမျိုးခွဲခြားမှုကြောင့် သူငယ်ချင်းကောင်းတွေကို လက်လွတ်ခဲ့ရတယ်။
တစ်ခါက မုန်တိုင်းကျပြီးနောက် ကားတွေသွားလာလို့ မရအောင် လမ်းတွေ ပိတ်ဆို့နေခဲ့တယ်။ 

ကျမတို့နေတဲ့တိုက်က သောက်ရေ ကုန်သွားတဲ့အပြင် ဆိုင်ကလူတွေကလည်း အစားအစာ လာမပို့နိုင်ခဲ့ဘူး။ ရေမရှိ၊ မီးမလာဖြစ်ခဲ့ရတယ်။ အဲဒီမှာ တစ်ခါမှ မခေါ်မပြော ခဲ့ဖူးကြတဲ့ အိမ်နီးချင်းတွေက အချင်းချင်း အိမ်တံခါးခေါက်ပြီး စားစရာတွေ ပေးဝေလဲလှယ်ကြတယ်။ အိမ်တစ်အိမ်က လူစုပြီး ကပွဲလုပ်ခဲ့လို့ ကျမတို့ တစ်အိမ်လုံးလည်း အဲဒီကပွဲမှာ ပါဝင်ခဲ့ကြတယ်။ အသက် ၁၁နှစ်ကနေ အသက် ၇၅နှစ်ထိ အဲဒီပွဲမှာ ပါခဲ့ကြတယ်။ ကျမတို့တိုက်ရဲ့ လုံခြုံရေးမှူး စန္ဒားယားတီးတတ်မှန်း အဲဒီအချိန်ကျမှာ ကျမတို့ သိခဲ့ရတယ်။
တကယ်လို့ ခါတိုင်းလည်း ဒီလိုပဲ မိတ်ဆွေစုဝေးပွဲတွေရှိရင် အရမ်းကောင်းမယ်လို့ ကျမတွေးမိတယ်။ 
 အဲဒီလိုဆိုရင် ကျမတို့နေတဲ့ တိုက်ကြီးက ပျော်စရာတွေနဲ့ နေ့တိုင်းပြည့်နေလိမ့်မယ်။


လူတွေနဲ့ မိုင်ပေါင်းများစွာ ဝေးကွာအောင် သင်ခရီးထွက်နိုင်ပါတယ်။ ဒါပေမယ့် လူတွေကြားမှာ နေရတဲ့အပျော်ကို သင်ခံစားရမှာ မဟုတ်ဘူး။ လူတွေရဲ့ အတွင်းစိတ်ကို သင်မမြင်ရင် လောကကြီးကိုလည်း သင်ရှာတွေ့မှာ မဟုတ်ဘူး။ အရောင်းဝန်ထမ်း၊ လမ်းပေါ်မှာ တာဝန်ကျသူ၊ ဘတ်စကားမောင်းသူ၊ ဓာတ်လှေကားစောင့်၊ ဖိနပ်သုတ်တဲ့ ကလေးငယ် ... စတဲ့ လူတွေက အရည်အချင်းရှိတဲ့ လူတွေဖြစ်တယ်။ လူတိုင်းမှာ ပြည့်ဝတဲ့ စိတ်ဓာတ်တွေရှိကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ လူအများစုက တသတ်မှတ်တည်းဖြစ်တဲ့ ဘဝထဲမှာပဲ နစ်မွန်းချင်ကြတယ်။ နေ့တိုင်း ဒီအပေါင်းအသင်း၊ ဒီမိတ်ဆွေတွေနဲ့ အပ်ကြောင်းထပ်နေတာတွေပဲ ပြောချင်ခဲ့ကြတယ်။ တကယ်တော့ သူစိမ်းနဲ့ အထူးသဖြင့် လုပ်ငန်းမတူသူတွေနဲ့ စကားပြောကြည့်ခြင်းအားဖြင့် သူတို့ဆီကနေ ကိုယ်မသိတဲ့ အတွေ့အကြုံသစ်၊ ခံစားမှုအသစ်ကို ရနိုင်ပါတယ်။ တောရွာက လယ်သမား၊ ဝေးခေါင်တဲ့အရပ်က ဓာတ်ဆီဖြည့်သမား၊ ကလေးပွေ့ထားတဲ့ အမျိုးသမီးတစ်ဦးဟာလည်း ကျမတို့စိတ်ကို ပျော်ရွှင်အောင် လုပ်ဆောင်နိုင်စွမ်းရှိပါတယ်။

တစ်ခြားသူအတွက် ဘာများပေးနိုင်မလဲ? ဘာများ လုပ်ပေးနိုင်မလဲလို့ ကျမတို့အမြဲ ရေရွတ်ကြတယ်။ မပေးနိုင် မလုပ်နိုင်ချင် နေပါစေ.. အနည်းဆုံးတော့ တစ်ပါးသူရဲ့ ခံစားချက်ကို ကျမတို့ လက်ခံနားလည်ပေးနိုင်ပါတယ်။ အပြင်ပန်းပဲ မဟုတ်ဘဲ လူတစ်ယောက်ကို ကျမတို့ ဂရုတစိုက် ရှိခဲ့မယ်ဆိုရင် သူ့မျက်လုံးထဲကနေတောင် သူ့အတွင်းစိတ် အခက်အခဲကို တွေ့နိုင်ပါတယ်။ တကယ်လို့ ကားဂိတ်မှာ မျက်ရည်တွေနဲ့ ရပ်နေတဲ့ အမျိုးသမီးတစ်ဦး၊ နာကျင်ရိပ်ဖုံးနေတဲ့ မျက်လုံးတစ်စုံနဲ့ ကလေးငယ်၊ ဒါမှမဟုတ် ဘယ်သွားရမှန်း မသိဘဲ လမ်းပျောက်နေတဲ့ ခရီးသည်တစ်ဦးကို တွေ့ခဲ့ပြီး ကူညီဖို့ မမေးမြန်းခဲ့ရင် ကျမတို့ ကိုယ့်ကိုခွင့်မလွတ်သင့်ပါဘူး။

ကျမသိတဲ့ အမျိုးသမီးတစ်ဦးက ရထားစီးပြီး အနောက်အရပ်ကို ခရီးထွက်ခဲ့တယ်။ လမ်းခုလပ် ရွာတစ်ရွာမှာ ရထားရပ်လို့ အညောင်းပြေ သူလမ်းဆင်းလျှောက်ခဲ့တယ်။ အဲဒီအချိန်မှာပဲ အရှေ့အရပ်က ရထားတစ်စီး ဘူတာထဲဝင်လာခဲ့တယ်။ ရထားနှစ်စီး တစ်ပြိုင်တည်း ရပ်နားမိချိန်ဖြစ်တာကြောင့် လမ်းဆင်းလျှောက်တဲ့ ခရီးသည်တွေ ပိုများခဲ့တယ်။ သူလမ်းလျှောက်နေတုန်း ရှေ့တည့်တည့်မှာ အပြုံးနဲ့လျှောက်လာတဲ့ အမျိုးသားတစ်ဦးကို တွေ့လိုက်တယ်။ သူတို့ မိတ်ဆက်ကြတယ်၊ စကားတွေပြောဖြစ်ခဲ့ကြတယ်။ ရထားထွက်ဖို့ ဥသြဆွဲတော့ အမျိုးသားက "ကျွန်တော်တို့ နောက်ထပ်တွေ့နိုင်မယ် မထင်ဘူး" လို့ ပြောပြီး လက်ဆွဲနှုတ်ဆက်လိုက်တယ်။ ပြီးတော့ ရထားတစ်စီးထဲပေါ် သူတို့တက်ခဲ့ကြတယ်။

နှစ်အတော်ကြာတဲ့အထိ သူတို့အဆက်အသွယ် ရှိခဲ့ကြတယ်။ တစ်ခြားတစ်ယောက် ကွယ်လွန်သွားချိန်ထိပါပဲ။ သူတို့နှစ်ယောက်ရဲ့ လိုအင်က ချစ်သူရည်းစား မဟုတ်ကြဘဲ အဖိုးတန်တဲ့ သူငယ်ချင်းကောင်းပဲ ဖြစ်တယ်။

သင့်ဘဝမှာ တစ်ခြားလူ မိတ်ဆက်ပေးပြီးမှ ခင်မင်လာရတဲ့ သူငယ်ချင်း ဘယ်နှယောက် ရှိသလဲ?
သန်းပေါင်းများစွာသော လူတွေရဲ့ ခံစားချက်က တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ တစ်ချို့က အထီးကျန်တယ်၊ တစ်ချို့က မျှော်လင့်ချက်ကို ပွေ့ဖက်ထားတယ်။ တစ်ချို့က စိတ်ဆင်းရဲနေတယ်။ လူ့ဘဝခရီးလမ်းမှာ ဒီလိုခံစားချက်ရှိတဲ့ လူတွေအတွက် အပေါင်းအဖော် မိတ်ဆွေဆိုတာ လိုလာတယ်။ သူငယ်ချင်း လိုလာတယ်။

အစကတော့ သူစိမ်းတွေပါပဲ... တစ်ယောက်ယောက်က လက်အရင်ဆန့်ထုတ်တာနဲ့ သူငယ်ချင်းဆိုတာ ဖြစ်လာခဲ့ပါတယ်။
***
Fwd: Mail မှ.....

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...