လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Tuesday, August 21, 2012

'ပုံလေးကို ကြည့်လေ... (နှစ်လွှာပေါင်းမှ စွယ်တော်ရွက်..ဆိုသလို)'






ပုံလေးကိုကြည့်လေ...
ငယ်ငယ်တုန်းကဆို နင်နဲ့အတူ ပြေးလွှာဆော့ကစားရင်း..
တစ်ယောက်နဲ့ တစ်ယောက် စိတ်စိုး စိတ်ကောက်ဆိုတာ ဘာမှန်းလည်း မသိဘူး.. အဖြူစင်ဆုံးသူငယ်ချင်းလေးတွေပေါ့..

ပုံလေးကိုကြည့်လေ..
ဆယ်ကျော်သက်အရွယ်လေးရဲ့ အလတ်ပိုင်းလေး ရောက်တဲ့အထိ..
နင့်နဲ့အတူ ရှိနေတုန်းဘဲ... တစ်ယောက်နဲ့ တစ်ယောက် တန်ဖိုးထားမှုတွေ သိလာကြပီ..

ပုံလေးကိုကြည့်လေ..
ငါတို့တွေ ဘ၀မှာ ရပ်တည်နိုင်ပြီလို့ထင်တဲ့ အရွယ်မှာ..
နင့်နဲ့ငါ့ ရဲ့ အချစ်တွေ.. ပိုမို တန်ဖိုးရှိပြီး... ကြင်နာမှု အနမ်းတွေ.. ပန်းခင်းလမ်းတွေ အပြည့်နဲ့..
အနာဂတ်တစ်ခု ရှင်သန်ရင်း.. နှစ်ကိုယ်တူ စိတ်ကူးတွေက အိမ်မက်ထဲထိ  တူတူ ဆုံမတ်တွေနဲ့ .. အိပ်စက်ခဲ့ရတဲ့ ညပေါင်းတွေ မနည်းဘူး..


ပုံလေးကိုကြည့်လေ..
နေထိုင်ခဲ့တဲ့ အသက်တွေ နင့်နဲ့အတူတူ ထက်ဝက်ကျော်လာတော့...
ပိုပြီးတော့ ..အင်အားတွေ ရှိနေတုန်း.. ဒီပန်းခြံလေးကို တို့နှစ်ယောက် ဆံဖြူသွားကျိုးပါစေ.. သစွာကိုတိုင်တည်ပြီးတော့..
အကြိမ်ကြိမ်အခါခါ နေ့ပေါင်းများစွာ လပေါင်းများစွာ.. နှစ်ပေါင်းများစွာ.. လမ်းလျှောက်ရင်း.. ဘေးနားက အပင်ကြီးတွေတောင်...
ကြီးလို့ပါလား..

ပုံလေးကိုကြည့်လေ..
လောကမှာ စွန့်ခွာခြင်းတွေဆိုတာ ပေါင်းစပ်ပြီးမှ ဖြစ်တည်လာတာပါ..
တစ်နေ့တစ်ချိန် နင် ..ငါ့ဘေးနားက ထွက်သွားမယ်ဆိုတာကိုလည်း ငါသိသလို ..
ငါလည်း နင့်ဘေးနားက ထွက်ခွာသွားမယ်ဆိုတာလည်း နင့် မြင်နေပါတယ်..
ဘာဘဲဖြစ်ဖြစ် .. ဖြတ်သန်းခဲ့တဲ့ အချိန်တွေ မှာ.. တစ်ယောက်နဲ့တစ်ယောက် မြတ်နိုးခြင်း .. ကြင်နာခြင်း. ယုယခြင်းတွေရှိခဲ့ပြီးပြီး..
ဘာလိုသေးမှာလည်း.. အခု နင့် ငါ့ဘ၀ထဲက ထွက်ခွာချိန်သင့်နေတော့..
နင်မရှိလည်း ငါမငိုတတ်တော့ဘူး .. လုံလောက်ခဲ့ပါပြီး.. စိတ်မကောင်းတာတစ်ခုတော့ ..
ငါ့ထက် နင်အရင်ထွက်သွားတာလေးကိုပါ.. .....


ချစ်တဲ့သူတိုင်း အတူတကွ.. ဆံဖြူသွားကျိုးအထိ.. ထာဝရနေထိုင်သွားနိုင်ပါစေလို့ (လမင်း)က စုတောင်းပေးလိုက်ပါတယ်..
ခင်ဗျာ.. 18/8/2012 (12.00)နာရီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...