မျှော်လင့်ချက်တွေနဲ့...
ရိုးသားတဲ့ ငါ့ရဲ့အချစ်တွေကို..
မြတ်နိုးခြင်းမရှိတဲ့ ..မင်းရဲ့.. လက်မှာ..
စက္ကူစွန်တစ်ကောင်လို့... အသုံးချရပ်တယ်...
ချစ်တယ်ဆိုတဲ့ စကားကို ပါးစပ်ကပြောတတ်ရုံလောက်နဲ့..
အချစ်ရဲ့ အဓိပါယ်ကို မင်းရဲ့လက်မှာ ကောင်းကောင်းကြီး
ဆုပ်ကိုင်ထားတယ်လို့ ငါမထင်ဘူး...
ယောင်္ကျားတိုင်းကို ..ပျော်သလို..
မက်လုံးတွေ ပေးပီး နင်အသုံးချနေတာကို
ငါ ဘေးကနေကြည့်ရတာ.. မခံသာတော့ဘူး..
ငါဆိုတဲ့ အကောင်နဲ့ တွေ့မှ
အချစ်ရဲ့ လေးနက်တဲ့ အလင်းတန်းတွေကို ..
နင့်ရင်ထဲ .. စွဲသွားအောင် .. ငါကိုယ်တိုင် ရိုက်ထည့်ပေးဦးမယ်..
နင် အသုံးချတဲ့ မက်လုံးတစ်ခုရဲ့..
ဇယားကွက်အောက်မှာ... ပြုံးပြုံးကြီးနဲ့..
နေတတ်တဲ့.. ယောင်္ကျားထဲမှာတော့ ငါပါမယ် မထင်နဲ့...
နင်ပျော်သလို ကခဲ့တဲ့ ယောင်္ကျားလေးတွေ
(ကိုယ်စား).. အချစ်ရဲ့ လေးနက်ခြင်းတွေ သိအောင်..
သယ်ဆောင်လာပီး.. .. နင့်..ရင်ခွင်ကို စုံကန်ကာ..
ထွက်သွားပြဦးမယ်..
နင့်ရဲ့ အသုံးနှုန်းနဲ့ ..မက်လုံးတွေ.. ရပ်တန့်လိုက်ပါတော့.. ရပ်တန့်လိုက်ပါတော့

No comments:
Post a Comment