လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Wednesday, August 8, 2012

အသက်ကြီးမှ ကလေးမွေးသော အမျိုးသမီးများအနေဖြင့် သားအိမ်ကင်ဆာဖြစ်နိုင်ခြေ လျော့နည်းကြောင်းတွေ့ရှိ


အသက်ငယ်ရွယ်စဉ်၌ ကလေးမွေးဖွားသော မိခင်များအနေဖြင့် ကိုယ်ဝန်ဆောင်စဉ်အတွင်း နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်ခြေ လျော့နည်းကြောင်း တွေ့ရှိခဲ့ပြီးဖြစ်သည်။ သို့သော် လေ့လာချက်အသစ်တစ်ရပ်အရ အသက်ကြီးမှ ကလေးမွေးဖွားခြင်းတွင်လည်း ကောင်းကျိုးများရှိကြောင်း တွေ့ရှိခဲ့ရသည်။

ယင်းလေ့လာချက်များအရ အသက်၎ဝသို့မဟုတ် ယင်းထက်ကြီးမှ ကလေးမွေးသော အမျိုးသမီးများသည် အသက်၂၅နှစ်ခန့်၌ ကလေးမွေးဖွားသော အမျိုးသမီးများနှင့် နှိုင်းယှဉ်ပါက သားအိမ်ကင်ဆာဖြစ်ပေါ်နိုင်ခြေ ၄၄ရာခိုင်နှုန်း လျော့နည်းကြောင်း တွေ့ရှိခဲ့သည်။

သားအိမ်ကင်ဆာ အများစုသည် အသက်၅ဝကျော်နှင့် ၆ဝကျော်အရွယ်များ၌ အဖြစ်များသည်။


ကယ်လီဖိုးနီးယား တောင်ပိုင်းတက္ကသိုလ်မှ သုတေသနအဖွဲ့တစ်ဖွဲ့က လေ့လာချက်များ ပြုလုပ်ခဲ့ရာတွင် အသက်၃ဝအရွယ်မှစ၍ ကလေးမွေးဖွားသည့်အရွယ် ငါးနှစ်ကြီးသွားတိုင်း သားအိမ်ကင်ဆာဖြစ်ပေါ်နိုင်ခြေ ၁၃ရာခိုင်နှုန်းလျော့နည်းကြောင်း တွေ့ရှိခဲ့ရသည်။

အဆိုပါသုတေသနအဖွဲ့ကို ဦးဆောင်သူ ဒေါက်တာဗီရိုနီကာဆီရှာဝမ်က သားအိမ်ကင်ဆာဖြစ်ပေါ်နိုင်သော အခြားအကြောင်းအရင်းများကို ထည့်သွင်းတွက်ချက်ခြင်းမရှိပါက အသက်ကြီးမှ ကလေးမွေးဖွားခြင်းသည် သားအိမ်ကင်ဆာရောဂါ ဖြစ်ပေါ်နိုင်ခြေကို ကာကွယ်နိုင်သည့် အချက်တစ်ချက်ဖြစ်ကြောင်း တွေ့ရှိရသည်ဟုဆိုသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...