၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ လုံးချင်းဝတ္ထုဖြစ်သည့် နောက်ကြည့်မှန်အမည်ရှိ ၀တ္ထုစာအုပ် မိတ်ဆက်ပွဲနှင့် အမှတ်တရ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ၁၅-၇-၂၀၁၂ရက်က ရန်ကုန်မြို့ရန်ကင်းစင်တာတွင် ကျင်းပခဲ့သည်။ထိုစာအုပ်မိတ်ဆက်ပွဲ အခမ်းအနားတွင် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ''ဒီစာအုပ်ကို ကျွန်တော်ဒီစာအုပ်ကို ကျွန်တော်၂၆နှစ်သားက ရေးသားထားတာပါ။အကြမ်းရေးထားတာ ပြန်မပြင်တော့ဘူး။ ငယ်ပုံအတိုင်းထားချင်လို့ နောက်ဆုံးတစ်မျက် နှာပဲထပ်ဖြည့်လိုက်တာ။ ကျွန်တော့်ကိုယ်ကျွန်တော် အနုပညာဖန်တီးသူ တစ်ယောက်လို့ပဲသဘောထားတယ်။ အဲဒီဘ၀ကို အင်မတန်မက်မောတယ်။ ဒီဘ၀ကကျွန်တော် တစ်သက်လုံး မက်ခဲ့တဲ့အိပ်မက်ပါ။ တာဝန်ဝတ္တရားအရ တစ်ဖက်ကလုပ်နေရတဲ့ အလုပ်တစ်ခုရှိပါတယ်။ အဲဒါကိုဒီအချိန်လေးမှာပဲ ခဏမေ့ထားလို့ရတာပါ။ ကောင်လေးတစ်ယောက် ထွက်ပြေးရင်း ၁၀တန်းကျောင်းသူ တစ်ယောက်က ကူညီကယ်ဆယ်ခဲ့တဲ့ အကြောင်းလေးပါ။ အမှန်တကယ်ကျေးဇူးဆပ်ချင်တာပါ။
အဲဒီတုန်းက လူတွေမှတ်မိရင်ကျေနပ်ပါတယ်'' ဟုပြောကြားခဲ့သည်။နောက်ကြည့်မှန်စာအုပ်မှ ရရှိသည့် ငွေကြေးများအား လိုအပ်သည့် နေရာများတွင် ဖြည့်ဆည်း ကူညီသွားမည်ဖြစ်ကြောင်း ထိုစာအုပ်ကို အရှေ့ကြယ်စာအုပ်တိုက်မှ ထုတ်ဝေခြင်းဖြစ်ပြီး ၁၆-၇-၂၀၁၂ရက်တွင်လည်း မန္တလေး၌အမှတ်တရ လက်မှတ်ရေးထိုးပေးခဲ့ကြောင်း သိရသည်။အရှေ့ကြယ်စာအုပ်တိုက်ပိုင်ရှင် ကိုမျိုးအောင်နိုင်ကလည်း ''ဒီစာအုပ်က ရှစ်လေးလုံးအကြောင်း ပါးပါးလေးပါပေမယ့် ရသဘက်ကို ပိုကဲထားတဲ့စာအုပ်ပါ။ စာမူခွင့်ပြုချက်ကတော့ ဒီစာအုပ်က အထွေထွေစာမူထဲမှာ ပါတဲ့အတွက် ထုတ်တင်စနစ်ပါ'' ဟုပြောကြားခဲ့သည်။ ထိုစာအုပ်ကို လက်ရှိတွင် အုပ်ရေ၅၀၀၀ ရိုက်နှိပ်ရောင်းချထားပြိး လိုအပ်ပါက ထပ်မံရိုက်နှိပ်ထုတ်ဝေသွားမည် ဖြစ်ကြောင်းသိရသည်။
No comments:
Post a Comment