လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Friday, March 8, 2013

သူငယ်ချင်း ရအောင်



တချို့လူတွေအတွက် သူငယ်ချင်းဆိုတာ
ရှာစရာမလိုပါဘူး .. ။ ဖုန်းတွေ လာလွန်းလို့ ပိတ်ထားရတယ်.. ။

ပြက္ခဒိန်မှာလည်း ရက်ချိန်းတွေနဲ့  ပြည့်နေတယ်..။

ချိန်းထားတာတွေများလို့ နှိုးစက်နာရီလည်းပျက်တော့မယ်.. ။

ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ တချို့မှာ သူငယ်ချင်းဆိုတာ မရှိကြပါဘူး .. ။

ငယ်ရွယ်တဲ့အချိန်မှာ သူငယ်ချင်းရဖို့ လွယ်ပါတယ်...။ ကျောင်းအလုပ်နဲ့
လှုပ်ရှားမှုတွေ ဆောင်ရွက်ရင်းနဲ့ပဲ သူငယ်ချင်းတွေ တွေ့နေကြပါတယ်.. .။
ကြီးလာတဲ့အခါ သူငယ်ချင်း ရှာလို့ ခက်ခဲသွားပါပြီး..။


ဒီတော့ ရင်းနှီးဖော်ရွေတဲ့ အပြုံးနဲ့ အမြဲတမ်း ရှိနေရမယ်.။
အခန်းထဲမှာ တစ်ယောက်တည်း နေတတ်တဲ့ အကျင့်တွေ ဖျောက်ရမယ်..။

နည်းလမ်းတွေကတော့ .------------

(1) စိတ်ဝင်စားမှု ပြပေးပါ

ဖိတ်ကြားလာတဲ့ ပွဲမှန်သမျှကို ကြည်ကြည်ဖြူဖြူ လက်ခံပြီး သွားရောက် တွေ့ဆုံဆင်နွှဲပေးရပါမယ်..။
အပြင်မထွက်ရင် တစ်ယောက်မှ တွေ့မှာမဟုတ်ဘူး..။
များများလုပ်ဆောင်လေ များများတွေ့ရှိနိုင်လေပါပဲ ..။

(2) လူမှုရေး လှုပ်ရှားမှုတွေမှာ ပါဝင်ပါ
(3) သူငယ်ချင်းအဖြစ် နေပေးပါ..။
(4) ဘယ်လိုမှ မရရင် အိမ်မွေးတိရစ္ဆာန်ကိုပဲ ချစ်ပါ..။

ကိုးကားသမျှ ပြန်လည်တင်ပြလိုက်ပါသည် .. ။ (လေးစားလျက် / လမင်း)
သိသမျှ ကိုးကားသမျှ ပြန်လည်ကာရေးသားရင်း နောက်ဆက်တွဲတွေနဲ့ ဖော်ပြပေးသွားပါမည်..။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...