လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Tuesday, March 12, 2013

မိတ်ဆွေကောင်း

မိတ်ဆွေကောင်းကို ရွေးချယ်ပေါင်းသင်းမယ်ဆိုရင်
မိမိကိုယ်တိုင် မိတ်ဆွေစစ်၊ မိတ်ဆွေကောင်း လက္ခဏာနှင့် ညီရန် လိုအပ်ပေသည်.။

မိတ်ဆွေ ကျင့်ဝတ်ငါးပါးရှိကြောင်း မှတ်သားခဲ့ဘူးပါသည်..။

(၁) မိတ်ဆွေတို့အား အခါအားလျော်စွာ ကျွေးမွေးပေးကမ်းခြင်း..။
(၂) ချစ်ခင်ပြောဆို ဆက်ဆံခြင်း။
(၃) သူ့အကျိုးကို ဖြောင့်မှန်စွာ ဆောင်ကြဉ်းပေးခြင်း..။
(၄) ဂုဏ်တု ဂုဏ်ပြိုင် မပြုလုပ်ခြင်း
(၅) မိမိကိုယ်ကို ယုံကြည်စိတ်ချမှုကြောင့် မည်သည့်ကိစ္စမှ ချွတ်ယွင်းမှုမရှိစေခြင်းဟူသော


မိတ်ဆွေကျင့်ဝတ်ငါးပါးကို မကျိုးပေါက်အောင် ဖြည့်ဆည်းဆောင်ရွက်ရန် လိုပါသည်။

မိတ်ဆွေတုသည် မိမိကိုယ် ချစ်ခင်ယောင်ဖြင့် အမှောင်ထည်းသို့ လက်တွဲခေါ်ပေလိမ့်မည်..။
မိမိအကျိုးပျက်စီးစေမှုသည် သူ့အကျိုးဖြစ်ထွန်းစေမှုဖြစ်အောင် ဖြားယောင်းတတ်ပါသည်။

လူငယ်ဘ၀ဖြစ်နေ၍ အတွေ့အကြုံကလည်း မကြွယ်ဝ ၊ အမှန်နှင့်အမှားကိုလည်း ခွဲခြားနိုင်ခြင်းမရှိ၍
လူမိုက်များ မိတ်ဆွေတုများ၏ သွေးဆောင်ရာသို့ လိုက်ပါမိသဖြင့် ဒုက္ခမျိုးစုံ ကြုံရတတ်ပေသည်..။

ကိုးကားသမျှ ပြန်လည်ကာ ကောက်နုတ်တင်ပြလိုက်ပါသည်.။.

လေးစားလျက် (လမင်း) http://www.nllamin.blogspot.com

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...