ဘ၀က ခါးပါတယ်.
ထင်သလောက် မလွယ်ကူတာတော့ မှတ်ရတယ်..
အိမ်ပြန်ချိန်တွေက ထီးကျန်တယ်..
ဘယ်လိုပြောရမလည်း ..နားလည်သလိုလိုနဲ့ ..
တကယ်တမ်းတော့ ကိုယ်လောက်တောင် နားမလည်သူတွေပဲ
ထားပါတော့ ဘ၀က ရှည်ပါတယ်..
အခုပီး.. မင်း.. မင်းပြီး.. အခုဆိုတာ အတုန့်အလှည့်ပြောမလား.
ထားသွားတဲ့ စကားတွေလည်းများတယ်.
ကြွားလုံးထုတ်တဲ့ စကားတွေလည်း များတယ်..
နောက်ဆုံး ငါသိလိုက်တယ်. ငါသာလျှင် သူများထက်..
အကောင်းဆုံးဆိုသလား ..
ဘုရားတောင် အမှီရှိမှ ပွင့်တယ်ပေါ့..
ငါဆိုတဲ့ကောင်ကရော.. ပုထုဇဉ်လူသားပေါင်းများစွာ..
ကိုးကား .. အားကိုးထားသမျှ .. အလကားလို့ ..
ငါထင်ရမလား ..သနာမိပါတယ်.. ငါ့ကို ငါပေါ့.
အားရှိခဲ့ပါတယ်. ငါ့ကိုငါလဲ..
အမှားမကင်းတဲ့ လူ့ဘ၀မှာ..
ငါလည်း လူသား မင်းလည်း လူသား..
အမှား တစ်စုံတစ်ခုတော့ ကြုံစမြဲပါတော့ .. ။
ဝမ်းနည်းတယ်ဆိုတာ ဘာလည်း.
ထီးကျန်တာလား .. ခရီးမထံတာလား..
နောက်ဆုံးတော့ မင်းကိုယ်မင်းသာ စကားပြောပါတော့မယ်.
မင်းလုပ်မှ မင်းရမယ်.. မင်းစံမှ မင်းခံစားရမယ်ပေါ့.. ။
မလျော့ပါနဲ့ .ဇွဲတွေ.. မလျော့ပါနဲ့.. မင်းရဲ့အားမာန်တွေ..
တစ်ခန်းရက်ပါစေ .. အဆုံးမသတ်ပါနဲ့ ..
အဆုံးမသတ်ပါနဲ့ .. အဆုံးမသတ်ပါနဲ့ ..လေ...။
တစ်ထောင့်တစ်နေ၇ာကအတွေး (လမင်း)
http://
No comments:
Post a Comment