
(ပေ) ခုံပေါ်တွင် ကြိမ်ဖန်များစွာ အထုခံရသော သံချောင်းသည်
ပို၍ မာသည်ထက် မာဖို့သာရှိ၏ အကြိမ်ကြိမ်ထုခံရ၍
သံသားပျက်စီးသွားခြင်း ၊ သံရည်သံသွေး ကျဆင်းသွားခြင်းကား အလျဉ်းမရှိ။
အကြိမ်ကြိမ်ထုလေလေ သံရည်သံသားသည် မာကျောပြီးပို၍ ကောင်းလာလေလေဖြစ်၏။
ထိုနည်းတူစွာပင် မီးပြင်းပြင်းဖြင့် ကြိမ်ဖန်များစွာ မီးတိုက်ခံရသော ရွှေသည်
ပို၍ ပြောင်သည်ထက် ပြောင်လက်လာ၏ မီးပြင်းပြင်းတိုက်လေလေ ရွှေသားသည်လည်းပို၍
တောက်ပလာလေလေ ဖြစ်၏.။
ကျွန်တော်တို့ လူ့လောကတွင်လည်း အထက်ပါ ဥပမာများ ကဲ့သို့ပင်ဖြစ်၏။
ဆရာသမားများ ၊ အမိ နှင့် အဖ တို့၏ ဆိုဆုံးမမှုကို နာခံတတ်သော သားသမီးတို့သည်ပို၍
လိမ္မ်ာရေးခြားရှိတတ်၏။
သို့သော် သံချောင်းသည် ကြံ့ကြံ့ခံ အထုခံသကဲ့သို့လည်းကောင်း ၊
ရွှေသည် မီးမြှိုင်ခြင်းကို ကြံ့ကြံ့ခံ သကဲ့သို့လည်းကောင်း .
ကျွန်တော်တို့ လူသားတို့သည်လည်း မခံချင်စိတ်ဖြင့် ကြံ့ကြံ့ခံ ကြိုးစား အားထုတ်သင့်ပေ၏ဧကန်။
အချို့သောသူများသည် မထင်မှတ်ဘဲ ဖိနှိပ် ၀ိုင်းပယ်ခြင်းကို ခံလိုက်ရသဖြင့် စိတ်ပျက်အားလျော့သွားတတ်၏။
တုန်လှုပ်ခြောက်ခြားသွားတတ်၏။ လမ်းမှန်မှ လမ်းမှား ရောက်သွားတတ်၏။
လောကကြီးသည် အကောင်းချည်းမရှိ အကောင်းရှိသကဲ့သို့ အဆိုးလည်းရှိ၏။
အချစ်ရှိသကဲ့သို့ အမုန်းလည်းရှိ၏။
အပြုံးရှိသကဲ့သို့ အငိုလည်းရှိ၏။
ထို့ကြောင့် ဘယ်လိုပုံစံ အခက်အခဲများနှင့် ကြုံတွေရတိုင်း..။
အပြုံးမပျက် . . အမုန်းမဆက် မခံချင်စိတ်ဖြင့် ကြိုးစားခြင်းသည်သာ
အောင်မြင်ခြင်၏ အဓိကသော့ချက်အဖြစ် မှတ်ယူအပ်ပေကြောင်း...။
ကိုးကားသမျှ ပြန်လည်ကာ ကောက်နုတ်တင်ပြသည်..။
လေးစားလျက် (လမင်း) http://www.nllamin.blogspot.com
No comments:
Post a Comment