အိမ်ထောင်ရေးကံကောင်းစေတဲ့မောင် လမင်း
ရတာကို မလို
လိုတာကို မရရှာ
ဘ၀တာ တိုတိုမှာ
အရသာချိုချို ရှာခြင်သော မောင်လမင်း။
ရေစက် အရှင်းမပါတာကြောင့်
ချိန်ပါ သာဆင်းနေရတဲ့ဘ၀။
နေပြည်တော်ရွာ စတည်ကတဲက
ရောက်လာရှာကြတဲ့ အပျိုကြီးမမတွေ
ကံခေလို့ရီးစားကွဲ အနေအထိုင်လဲ
ဆင်းရဲတဲ့ဘ၀မှာ အားကိုးရှာခြင်တာ မ သဘာဝ။
ကြံရာမရရင် မောင်လမင်းနဲ့ခဏတွဲ
တစ်လမမြဲပေမဲ့ တနှစ်အတွင်း အိမ်ထောင်ကျ
ရည်ရွယ်သူနဲ့ ရသွားကြကုန်ပြီ။
လူကသာ ချစ်ကံခေ
ယတြာခြေရာမှာ အတော်စွမ်း
မောင်လမင်း ကံကလဲ စမ်းကြယ်သဗျ။
ခုများတော့ အတောမသတ်
မြန်မာပြည် အရပ်ရပ်က ဆက်သွယ်
လက်မလည်သူက မောင်လမင်း။
ဖုန်းခြင်းပြောခြင်သူတွေက တစ်ရာအထက်
ဓါတ်ပုံပို့ခြင်သူတွေက နှစ်ရာအထက်
ဂျီမေ်းလ် ပို့သူတွေက သုံးရာအထက်
တစ်သက်စာတော့ မရည်ရွယ်ပါ
အကိုနဲ့ ခဏတာ ယာယီသာတွဲပါရစေရှင့်တဲ့။
ဒါမှသာ အပျိုကြီး ဇာတာမပါ
ကြင်နာသူနဲ့ ပေါင်းဖက်ရမှာပါတဲ့။
အချစ်ကံဇာတာ မကောင်းပေမဲ့
အချစ်ယတြာ ကံကောင်းစေတဲ့ မောင်လမင်း
တဟင်းဟင်း သက်ပြင်းချမနေနဲ့။
ကျားဘ၀နဲ့ အဆင်မပြေရင်
မဘ၀သာ ပြောင်းလိုက်ပါကွာ
သွားစရာခရီးစရိတ်နဲ့ ခွဲစိတ်ခ
ပူပင်တွေးဆမနေနဲ့
နာရေးဥက္ကဋ္ဌ ကိုကျော်သူနဲ့
သူ့ဇနီး ရွှေဇီးကွက်က
အစစ အရာရာ
သူတို့တာဝန်သာ ထားပါတဲ့။
မှတ်ချက်။ .. ။ အချစ်ကံခေတဲ့ ကျွှန်တော့်အတွက် ဦးရဲလက်စွမ်းလေးတွေပါ.. ရေးသားချက်ကတော့
No comments:
Post a Comment