လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Tuesday, August 13, 2013

◄ ( ခိုင်းဖုန်းလေး....နှင့် ကျွန်တော်) ►

◄ ( ခိုင်းဖုန်းလေး....နှင့် ကျွန်တော်) ►

အော်..
အတွေးစလေးတစ်ခု ..
ဖြည်းဖြည်းခြင်း ခေါင်းထဲ ၀င်လာလို့ ...
ခိုင်းလိုက်တယ်.. လက်တွေကို .. ရေးချဖို့ပေါ့ .. .။

ဖုန်းတွေ ပလူမပြန်တုန်းက .. စတိုင်စ်ထုတ် .. အဟုတ်လုပ်ချင်လို့ ..
နှစ်သိန်းတန် ဖုန်းတစ်လုံး ၀ယ်လိုက်တယ်..

တစ်နေ့တစ်နေ့.. ဟန်လုပ်ပြီး.. အလုပ်ရှုပ်နေတုန်းမှာ..
ဖုန်းရှိမှန်း လူသိသွားတာပေါ့ ...

အခုတော့ ကုန်လိုက်တဲ့ ဖုန်းပိုက်ဆံကဒ် ..
တစ်လ တစ်လ ..နဲ့ ရက်/ လ ကြာလာတော့ .. ငွေဖြည့်ကဒ်က ..
အခုဝယ်ထားတဲ့ ဖုန်းကဒ်ထက်တောင် ကျော်လို့ ... ။


မရှိမကောင်း / ရှိမကောင်းဆိုတဲ့ စကားနဲ့အညီ..
ရှိတော့လည်း .. မကောင်း ..
မရှိတော့လည်း မကောင်းနဲ့ ...

ဘာပဲဖြစ်ဖြစ် အရစ်ကျ စနစ်နဲ့ မြန်မာပြည်မှာ လူဖြစ်ရတာ ..
ကျေနပ်မိပါတယ်... ။ ဘာလဲ ဆိုရိုးစကားလို့သုံးရမလား ..

ခေတ်သုံးစကားလို့ သုံးရမလား
(မြန်မာမှန်ရင် . .. အရစ်ကျလေးတော့ မယူတဲ့သူကို မရှိပါပဲ... )

အရစ်ကျပေးတယ်ဆိုပြီး အထင်တော့မသေးနဲ့နော်...
ပစ္စည်းရော် လူရော် .. သုံးစွဲရတာ .. တော်တော်ကို တွက်ခြေကိုက်ပါတယ်.. ။

အခုတော့ ကျွန်တော့်ဖုန်းကို ကိုက်စားရမလား ..
လွှတ်ပစ်ရမလား ... ကိုင်ပေါက်လိုက်ရမလား .. အတွေးများနဲ့ ..
အဲ့သလို စွက်ကြီးလုပ်ရမှာကိုလဲ .. ကိုယ့်ဖုန်းဖြစ်လို့ ...နှမျှောပါ၏

အခုတော့ စိတ်ပေါက်..
ဖင်... ထိုင်ရမယ်မကြံ .. ဖုန်းက တမြည် မြည် အသံကို ..
ကိုင်ရင် ..ပြောရင်း.. ပြေးလွှားနေရတာ ... စိတ်ပုပါတယ်..

ဖုန်းက ဟန်းဖုန်းနဲ့ မတူတော့ဘူး ..
(ခိုင်းဖုန်းလို့နာမည်ပြောင်းထားရတယ်)

ဖုန်းဆက်ပြီး ခိုင်းခိုင်းလွန်းလို့ ... ။

ပြောရင်း ဆိုရင်း..ရေးချရင်း ..ဖုန်းဝင်လာလို့ ကိုင်လိုက်အုန်းမယ်.. .

လေးစားလျက် (အန်လ်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...