ငယ်တုန်းက စာသင်ကြားအချိန်မှာ ..
တစ်ခါတစ်ခါ ကျောင်းက စာကြည့်တိုက်တွေထဲ
သွားပြီးလေ့လာဖတ်ရှုရပါတယ်..
ဒါပင်မဲ့ ဆရာ/ဆရာမတွေက
သူတို့လေးတွေကို ရွှေသွေးနဲ့ မိုးသောက်ပန်းလောက်ပဲ ..
ပေးဖတ်တတ်ကြတယ်..
စာကြည့်တိုက်ထဲမှာ
ဟိုဟာ မကိုင်နဲ့ ဟိုနေရာမသွားရဆိုပြီး
တားမြစ်ချက်လေးတွေ နဲ့ပေါ့..
ဘာဖြစ်လို့လဲစဉ်းစားကြည့်တော့
ဆရာတို့ ဆရာမတို့တွေထက် ..
သူတို့လေးတွေ ပိုတော် ပိုတတ်သွားမှာကို
ကြောက်လို့လားပေါ့ စိတ်ထဲက ရေရွတ်နေမိတယ်..
သူတို့လေးတွေ ၀ါသနာပါတဲ့ ကိစ္စရပ်တွေကို
သင်ဆရာ ကြားဆရာ မြင်ဆရာတွေက
လုပ်ကြည့်စမ်းပါကွာ.. လုပ်လိုက်စမ်းပါ ..
မင်းတို့လေးတွေ ဘေးနားမှာ ငါတို့ရှိတယ်..
မသိရင်လာမေး .. မှားနေမှန်းသိရင် မင်းကိစ္စကို နည်းနည်းပြောပြမယ်..
ဆိုတဲ့ တွန်းပို့မှုတွေ အားနည်းခဲ့တာ အမှန် .. ။
သူတို့လေးတွေအတွက်လဲ ..
မကျွမ်းကျင်တာတွေ လုပ်ကိုင်နေရတာများတာကြောင့်...
အဆင်မပြေမှုတွေ ပြဿနာတွေ စိတ်ဝင်စားမှုတွေ လွဲချောနေမိတယ်.. ။
စိတ်မချမ်းသာရင် ဘယ်အရာမှ
ပြီးမြှောက်အောင်မြင်စွာ လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး ..။
မြင်တွေ့ဘူးကြမှာပါ .. သင်တို့လည်း ..
ဝါသနာပါတာတွေ လုပ်နေရတဲ့ ကလေးတွေ
အချိန်နှင့်အမျှ အောင်မြင်သွားတက်ကြတယ်.. (တကယ်ကိုကောင်းပါတယ်)
ဝါသနာမပါဘဲ လုပ်နေရတဲ့ အလုပ်တွေက
အချိန်လည်းကြာ အောင်မြင်မှုလည်းမရ ..
သူတို့လေးတွေအတွက်
ကြာကြာလာရင် လမ်းကြောင်းတွေပါ ပိတ်ဆို့သွားနိုင်တယ်..။
သူတို့လေးတွေကို ဘောင်မခက်ပဲ ..
အတောင်ပံလေးတွေ တပ်ပေးပြီး
စိတ်ကြိုက် ပျံခိုင်းလိုက်ပါ.. ။
အခုရေးသားခဲ့သည့် ကျွန်တော်တောင်
သေချာတွေးကြည့်မီတယ် ကိုယ်ဘာကို ၀ါသနာပါလည်း..
ဘယ်အရာကို ကျွမ်းကျင်တာလည်း
မရေမရာ အသေချာမသိတော့
တောင်သွားလိုက် မြောက်သွားလိုက်နဲ့
လိုရာ ပန်းတိုင်လည်းမရောက်..။
တစ်ခါတစ်ခါ မျှော်လင့်ချက် နေရောင်ခြည်တောင် ပျောက်ပျောက်သွားပါတယ်...။
ကျွန်တော့်အတွေး ကျွန်တော့်အရေးနှင့် ဖတ်ရှုဝေဖန်ကြသော သူငယ်ချင်းများကို ကျေးဇူးတင်လျက် (အန်လ်အယ်လ်အေ)
No comments:
Post a Comment