လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Tuesday, January 14, 2014

၂၀၁၄ ခုနှစ် (အမေများနေ့)

◄ အမေ ►
Photo: ◄ အမေ ►

အမေ့ဆီက ဘာလိုချင်သေးလို့လဲ ..
ရိုးသားတဲ့ ပထ၀ီမြေကြီးပေါ်မှာ 
အရိုးသားဆုံး ရှင်သန်နေထိုင်ခွင့်ရအောင် 
အမေက ကျွန်တော့်ကို ပြုစုစောင့်ရှောက်ခဲ့ပြီးပြီ
 
အမေရဲ့ မေတ္တာတွေ အမေ့ရဲ့ ဂရုဏတွေ 
အလုံခြုံဆုံးအမေ့အိမ်မှာ အခုချိန်တိုင်တိုင် နေခွင့်ရပြီး
အမေ.. သင်ကြားဆုံးမပေးခဲ့တာတွေနှင့်အတူ လောကအတွက်
ရုန်းကန်ခြင်းအမွေးတွေကိုပါ ပေးခဲ့ပြီးပြီ..။

ပြန်လည် ကျွေးမွေးစောင့်ရှောက်ဖို့ကို အမေမမျှော်လင့်ဘူး .. 
ပြန်လည် ဂရုစိုက်မှုမျိုးကို အမေမတောင်းတဘူး .. 

ပြန်လည် သိတတ်နားလည်မှုနှင့်အတူ ချစ်သောမေမေအား
မောင်/နှမ များ၏ ကိုယ်စား

ိစိတ်၏ ချမ်းသာခြင်း 
ကိုယ်၏ ကျန်းမာခြင်းနှင့်.. ပျော်ရွှင်သောနေ့ရက်များကို 
ပိုင်ဆိုင်ပါစေသားလို့ သားဆုတောင်းပေးလိုက်ပါသည်..။ 

အမေ့ကိုချစ်သောသား (အန်လ်အယ်လ်အေ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...