လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Friday, February 17, 2012

ယနေ့ခေတ် မိန်းကလေးဦးရေ များလာသည်ဖြစ်၍ ယော်ကျားလေးများ တန်ဖိုးထားပါ..





**************************************************************************
ယနေ့ခေတ် မိန်းကလေးဦးရေ များလာသည်ဖြစ်၍ ယော်ကျားလေးများ တန်ဖိုးထားပါ..
မွေးလိုက်တိုင်း မိန်းကလေး .. မိန်းကလေး များလာသောကြောင့်
အမှန်တကယ်ဘဲ မိန်းကလေး ဦးရေ ကမ္ဘာမှာ များလာသည်ကို မြင်တွေ့ရပါသည်..။
ထို့ကြောင့် မိန်းကလေးများ သည် ယောက်ျားလေးများနှင့်အတူ ရင်မောင်တန်းလာပါပြီး
ယောက်ျားများနှင့်အတူ ရဲရင့်လာပါပြီး...
ဟိုတုန်းက မိန်းကလေး ပြုလုပ်ကြသော အလှအပ နှင့် မီးဖိုချောင် ကိစ္စများကို
ယနေ့ခေတ် များသောအားဖြင့် ယောက်ျားလေးများလည်း စိတ်ဝင်စားလာသည်ကို
တွေ့မြင်ရပါသည်..။


ထိုလက္ခဏများသည် ခေတ်အမြင်နှင့် ကောင်းကျိုးများဖြစ်ပြီး..
မသိမသာလေး ယောက်ျားတို့အတွက် ဆိုးကျိုးအနည်းငယ်ရှိသည်ကို သတိချပ်သင့်၏။
ယနေ့ခေတ် ကျွန်တော့် ပတ်ဝန်းကျင် မြင်ကွင်းတွင် အိမ်ထောင်သည် ယောက်ျားများ
အစောကြီး မီးဖိုချောင်ထဲဝင်၍ နောက်ကျမှ အလုပ်သွားကြသည်ကို မြင်တွေ့ရပီး..။
မိန်းမတို့သည် စာရင်းဇယားများကိုင်၍ အိပ်ယာထဲကို အစောကြီးဝင်သွားကြသည်..။
(ယောက်ျားတို့တွင်မူ မသိမသာတိမ်ပါးသွားခြင်းဖြစ်သည်။)

ထို့ကြောင့် ပိုမိုသွက်လပ်ပြီး အစွမ်းရှိလာကြသည့် မိန်းမများကြောင့် ဟိုဆွဲ ဒီဆွဲမပါအောင်
အိမ်ဦးနက်ပီပီ ယောက်ျားလေးများ ကိုယ့်ကိုယ်ကို တန်းဖိုးထား အစွမ်းပြပါ..။


ယနေ့ မိန်းကလေးဦးရေများလာသောကြောင့် ယောက်ျားလေးများ ကိုယ့်ကိုယ်ကို တန်ဖိုးထားပါ..။

(အသိပေး ကြေငြာသည်) ဟီး ဟီးး
******************************************************************

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...