From mail
အမှားပါရင်ခွင့်လွှတ်ပါခင်ဗျာ။
ရှေ့နေ ၃ ယောက်၊ စာရင်းစစ် ၃ ဦးတို့ ရထားဖြင့် ခရီးသွား ကြသည်။ စာရင်းစစ် ၃ ဦးက လက်မှတ် ၃ စောင် ၀ယ်သော်လည်း ရှေ့နေ ၃ ဦးက လက်မှတ် ၁ စောင်သာ ၀ယ်သဖြင့် တရားမ၀င် ရထား စီးသည်ဟု စာရင်းစစ် ၃ ဦးက ပြစ်တင် ဝေဖန် ကြသည်။ ရှေ့နေ ၃ ဦးက “ငါတို့က ရှေ့နေကွ” ဟုပြန်ပြောသည်။
မကြာမီ ရထား ထွက်၍ ရထား
လက်မှတ် လာစစ် နေသည်ကို တွေ့သော အခါ ရှေ့နေ ၃ ဦးက ရထား နောက်ဖက်
အိမ်သာသို့ ၃ ယောက်စလုံး ၀င်၍ တံခါး ပိတ်လိုက် ကြသည်။ လက်မှတ်စစ်က အိမ်သာ
တံခါး ပိတ်ထား သည်ကို တွေ့၍ တံခါး လာခေါက်သည်။ အိမ်သာ တံခါး အနည်းငယ် ဟ၍
ရထား လက်မှတ်ကို ပေးလိုက်သည်။
လက်မှတ်စစ် တခြားတွဲ ကူးသွား သောအခါ ရှေ့နေ ၃ ဦးက အိမ်သာ ထဲမှ ထွက်ကာ သူတို့၏ နေရာတွင် ပြန်ထိုင် လိုက်ကြသည်။ စာရင်းစစ် ၃ ဦးက ရှေ့နေ တို့၏ လိမ်မာ ပါးနပ်မှုကို သဘောကျ သွားသည်။ ရှေ့နေ ၃ ဦးတို့က “ငါတို့ကရှေ့နေကွ” ဟု ၀ံ့ကြွားစွာ ပြောလိုက်သည်။ အပြန်ခရီးတွင် စာရင်းစစ် ၃ ဦးက လက်မှတ် တစ်စောင် တည်းသာ ၀ယ်လိုက်သည်။ ရှေ့နေ ၃ ဦးကမူ ၁ စောင်မှ မ၀ယ်ဘဲ ရထားစီး ခဲ့သည်။
စာရင်းစစ် ၃ ဦးက အံ့သြနေရာ ရှေ့နေ ၃ ဦးက
“ငါတို့ကရှေ့နေကွ” ဟု ပြောလိုက်သည်။ ရထား လက်မှတ်စစ် လာနေ သည်ကို တွေ့ရသော
အခါ စာရင်းစစ် ၃ ဦး က အိမ်သာသို့ ရုတ်တရက် ထ၀င် သွားသည်။ ရှေ့နေ ၃ ဦးလည်း
နောက်မှ ထလိုက် သွားသည်။ စာရင်းစစ် ၃ ဦးက တံခါး ပိတ်လိုက်သော အခါ ရှေ့နေ
တစ်ဦးက တံခါးကို ခေါက်လိုက်သည်။ အိမ်သာ တံခါး ပွင့်လာ၍ လက်တစ်ဖက်ဖြင့်
ရထား လက်မှတ်ကို ထုတ်ပေးသည်။
ရှေ့နေကထိုလက်မှတ်ကိုယူပြီး တခြား အိမ်သာ အတွင်းသို့ ရှေ့နေ ၃ ဦးလုံး ၀င်သွား ကြပြီး အိမ်သာ တံခါးကို ပိတ်လိုက် လေတော့သည်။
ပြန်လည်ကိုးကားထားခြင်း ဖြစ်ပါသည်..
No comments:
Post a Comment