(၂၁)ရာစုထဲက အရှုံးမပေးတဲ့ လူငယ်တွေ
• ဘ၀ကိုလွယ်လွယ်ကူကူ ဖြတ်သန်းခွင့်ရခဲ့သူဟာ. ဘ၀ရဲ့ လေးနက်တဲ့ အရသာတွေကို ခံစားဘူးမှာမဟုတ် ဒါကြောင့် မတည်ငြိမ်ဘဲ မြုပ်လိုက်ပေါ်လိုက် ဖြစ်နေမှာပါ **
• ငါတော်တယ် တတ်တယ်ဆိုတဲ့ လူအချို့ကို ခေါ်လာခဲ့ပါ.. ခင်ဗျာ မသိသေးတာတစ်ခုတော့ရှိပါတယ်လို့ ကျွန်တော်ပြောလိုက်မယ်**
• ဒီခေတ်ဟာ ကျွန်တော်တို့လူငယ်တွေအတွက် မနေ့ကထက် မနက်ဖြန်တိုင်းဟာ ပိုပြီးတောက်ပနေမှာပါ**
• သူငယ်ချင်းတို့ရေ မင်းရှေ့ကိုကြည့်လိုက်ရင် တန်းစီနေတဲ့ လူတွေအများကြီးပါ.. ဒီလိုဘဲ မင်းနောက်ကို ကြည့်လိုက်ရင်လဲ တန်းစီပြီး ရပ်စောင့်နေတဲ့သူတွေ အများကြီးတွေ့မှာပါ**
• ဘယ်အရာဘဲ ကြိုးစားကြိုးစား အရှေ့ကို လျှောက်လမ်းဖို့ အနောက်ကို တစ်ချက်လောက် လှည့်ကြည့်သင့်ပါတယ် ကျော်တတ်ဖို့ ဆန္ဒတွေ မစောပါနဲ့**
• ဒီလိုမှမဟုတ်ရင် အရှေ့ကတွန်းလိုက်လို့ မင်းပလပ်လဲကျသွားရင် ပြန်ထဖို့ခက်ပါတယ် .. ဒီလိုဘဲ အနောက်ကတွန်းလိုက်ရင် မင်းအတွက် မောက်ခုံလဲခဲ့ရင် ချက်ခြင်းပြန်ထရလွယ်ပါတယ်**
• လူတိုင်းမှ ရှိတတ်တဲ့ မသိစိတ်ကိုသာ စောင့်ဆိုင်းပြီး သတိပြုနေပါ ဒီလိုမှမဟုတ်ရင်
( ငါ့တို့တွေ အခက်ပြုနေ လိမ့်မယ် )**
• ဘ၀ကိုမြင့်တင်ပေးတတ်တဲ့ ပြိုင်ဘက်ဆိုတာ မင်းတို့ ငါတို့အတွက်တော့ တကယ်ကို မိတ်ဆွေကောင်းကြီး တစ်ယောက်ပါ (ရန်သူလို့မမြင်ပါနဲ့)**
• ရှုံးတယ်၊ နိုင်တယ်ဆိုတာ ငါ့တို့အတွက် စာမေးပွဲက ပေးတဲ့ရလဒ်လိုပါဘဲ ရလာတာကို ကျေနပ်နိုင်စွမ်းတော့ ရှိရမှာပေါ့ (မနာလိုအရမ်းမဖြစ်နေပါနဲ့ စိတ်ကိုဒုက္ခမရောက်စေနဲ့)**
• အမြင်ရှိပြီး လက်တွေ့ကျအောင်မလုပ်နိုင်ရင်လဲ (အကျိုးနဲ့တူပါတယ်) လက်တွေ့ကျပြီး အမြင်မရှိရင်လဲ (အကန်းနဲ့တူပါတယ်) နှစ်ခုစလုံးကို အကျွမ်းကျင်ကြီးသိစရာမလိုပင်မဲ့ အနည်းငယ်ပေါ့**
• သေချာကြည့်လိုက်ပါ အခုစဉ်းစားကြည့်လိုက်ပါ မင်းတို့ငါတို့ဘ၀တွေ ဟိုအောက်ဆုံးထိကျခဲ့ဘူးလား ကျခဲ့ရင်ရော မင်းတို့ ဘာလုပ်ကြမလည်း***
• တကယ်ဆို (၂၁)ရာစုထဲက လူငယ်တွေ မင်းတို့ ဖြစ်ခြင်းနေတဲ့ ဆန္ဒတွေကို မင်းတို့ကိုယ်ပိုင် လွတ်လပ်စွာ စိတ်ကူးယဉ်နိုင်ပါတယ်**
• စိတ်ကူးယဉ် ဆန်းလွန်းလို့ မင်းတို့ ငါတို့ ပတ်ဝန်းကျင်ကလူတွေ အရူး၊ အာပလာလို့ ထင်နေမှာကို မင်းတို့ ကြောက်လား…. ဟားးး ငါကတော့ မကြောက်ဘူး**
• ကိုယ်ပိုင်လွတ်လပ်စွာ စိတ်ကူးယဉ်တာ ငါမေးမယ် ပိုက်ဆံပေးရလား၊ သူများကို ထိခိုက်နေလား… ဖြစ်နိုင်တာတွေကို စိတ်ကူးယဉ်နိုင်သလို မဖြစ်နိုင်တာတွေလဲ စိတ်ကူးယဉ်နိုင်ပါတယ် .. ဘယ်သူသိမှာတုန်း**
• အခုကြိုးစားနေကျတဲ့ အကို တွေ ၊ အမတွေ ငါတို့လို လူငယ်တွေအတွက် အားပေးတယ် (ဇွဲ၊ လုံ့လ၊ သတ္တိ မရှိတဲ့သူအတွက်တော့ မျှော်လင့်ချက်ပန်းတိုင်ဆိုတာ မဲ့နေမှာဘဲ**
• ဂုတ်တွေ ၊ ငွေတွေ ၊ မယှဉ်ပြိုင်နိုင်ပင်မဲ့ ဘယ်တော့မှ အောက်ကျမသွားတဲ့ ငါ့တို့တွေရဲ့စိတ်ဓာတ်ဟာ… ဟိုအမြင့်ဆုံးမှာ (ဟို….အမြင့်ဆုံးမှာ)….ဟို……..ဆုံးမှာ…………**
No comments:
Post a Comment