လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Wednesday, February 22, 2012

အမြင် (Vision)

အမြင် (Vision)

 
မြင်သိနိင်သော စွမ်းအားဖြစ်သည်..။ အပြောင်းအလဲ
မြန်ဆန်သော ခေတ် ဖြစ်သည်နှင့်အမျှ ပိုမိုမြင်နိုင်သောသူက ပို၍
အောင်မြင်မည်ဖြစ်သည်..။

သာမန် ရောင်းဝယ်ဖောက်ကားသူထက်
ရာသီဥတု၊ သုံးစွဲနိုင်သောအား ၊ လူများ။ အကြိုက်ကို မြင်နိုင်သူက ပို၍ အမြတ်အစွန်း
ရမည် ဖြစ်သည်.။ ဖောက်ကားခြင်းထက် သိုလှောင်ခြင်းက အမြတ်အစွန်းများလာနိုင်သည်..။

ထို့ထက် အမြင်သန်သူက ထဲထဲဝင်ဝင် ကြည့်တတ်ကာ နိုင်ငံရေးအခြေအနေကို
သုံးသပ်၍ ဈေးကစားခြင်းဖြင့် ထပ်မံ ပိုမိုသော အမြတ်အစွန်းကို ရနိုင်မည်ဖြစ်ပြန်သည်..။

နက်နက်နဲနဲ မြင်သူများကမူ စီးပွားရေး၏
သံသရာ၊ အတတ်အကျ များအပြင် လျှပ်တစ်ပြက်
ဖြစ်ပေါ်သော အခွင့်အရေးများကိုပင် ကြိုတင်မျှော်တွေး မြင်နိုင်စွမ်းပါက
ပိုမိုကြီးကျယ်သော အောင်မြင်မှုကို ရနိုင်မည် ဖြစ်သည်..။

ကျေးဇူးတင်ပါသည် ..။ လေးစားလျက် .. လမင်း
***************************************************

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...