ရုတ်တရက် ထွက်ခွါသူသို့...............
ငါနဲ့ဝေးတဲ့ ဟိုး..အဝေးကြီးကို
နှုတ်မဆက်ဘဲပြေးထွက်သွားတဲ့ကောင်မလေးရေ....
ငါလေ..မင်းကိုသတိရနေတယ်ကောင်မလေးရယ်
သတိရတိုင်းလွမ်းတတ်တဲ့စိတ်ကို
အချစ်လို့ခေါ်မလား၊
ဒါမှမဟုတ်...သံယောဇဉ်လို့ခေါ်မလား
ငါ....မဝေခွဲတတ်ခဲ့ပါဘူး
တကယ်ဆိုရင်..မင်းနှုတ်ဆက်ခဲ့သင့်တာပေါ့ကောင်မလေးရယ်.....။
အခုတော့...ငါ့ရင်ထဲမှာ
မင်းကိုလွမ်းတဲ့စိတ်တွေနဲ့
အိပ်ပျက်ညတွေကရှည်ကြာနေခဲ့ပြီလေ
ငါ....
မင်းကို...အရမ်းသတိရတယ် ......ကောင်မလေးရယ်...........။
No comments:
Post a Comment