လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Tuesday, May 22, 2012

Mouse မရှိသည့်အခါ ကီးဘုတ်ကို မောက်အဖြစ်ပြောင်းသုံးနည်း

Mouse မရှိသည့်အခါ ကီးဘုတ်ကို မောက်အဖြစ်ပြောင်းသုံးနည်း

from ( http://www.zwekapinmyae.com/profiles/blogs/mouse-2 )

မိမိကွန်ပျူတာမှာ mouse ပျက်သွားလို့ဖြစ်ဖြစ် မရှိလို့ပဲဖြစ်ဖြစ် မောက်သုံးမှ ရမယ့် ကိစ္စတွေမှာ မောက်အခက်အခဲဖြစ်နေရင် အောက်ပါဆက်တင်အတိုင်း ပြောင်းပြီး ကီးဘုတ်က သက်ဆိုင်ရာခလုတ်တွေကနေ မောက်အဖြစ် သုံးလို့ ရပါတယ်။
အောက်ပါ အဆင့်လေးတွေအတိုင်း လုပ်ကြည့်ပါ။

၁။ Alt + Shift + Num Lock ( Alt ကီးရယ်၊ Shift ကီးရယ်၊ ညာဘက်ခြမ်းမှာ ရှိတဲ့ number lock ကီးရယ်ကို တပြိုင်နက် နှိပ်ပါ)

၂။ Mouse Keyboard ဆိုတဲ့ box လေးပေါ်လာပြီဆိုရင် Settings ထဲသို့ဝင်ပါ။

၃။ Use Mouse Key မှာ Check box On ပေးရပါမယ်။


၎။ ပြီးရင် ဘေးက Settings ထဲ ထပ်ဝင်ပါ။

၅။ Top Speed ကို high အထိဆွဲတင်ပါ။

Acceleration ကိုလည်း Fast အထိဆွဲတင်ပါ။

၆။ ပြီးရင် Ok လို့ ပြောပါ။
 ညာဘက်ထောင့်အောက်ခြေမှာ Mouse ပုံစံလေးပေါ်လာပြီဆိုရင် ရပါပြီ။
တကယ်လို့ အဲ့ဒီ Mouse ပုံစံလေးမှာ မျဉ်းနီလေးခတ်ထားပါက Number lock Key ကိုတစ်ချက်ထပ်နှိပ်ပြီး မျဉ်းနီလေးပျောက်သွားအောင် လုပ်နိုင်ပါတယ်။

၇။ အခုဆိုရင် စပြီးတော့ Key Board ညာဘက်မှ နံပါတ် ကီးများဖြင့် Mouse Pointer လေးကို ရွှေ့နိုင်ပါပြီ။

၈။ နံပါတ် 5 key ကတော့ mouse မှာပါတဲ့ click နှိပ်သလို အလုပ်လုပ်ပေးပါတယ်။

၉။ Right Click လုပ်ချင်ရင်တော့ Key Board ညာဘက်ခြမ်းက( - )key ကိုနှိပ်ပေးရပါမယ်။
 Left Key ပြန်ပြောင်းချင်ရင်( / )key ကိုနှိပ်ပေးရပါမယ်။
Drug ဆွဲဖို.ဆိုရင်တော့( o )Key ကိုနှိပ်ပေးရပါမယ်။

၁၀။ အဒီအချိန်မှာ နံပါတ်တွေ ရိုက်ချင်ရင်တော့ ကီးဘုတ်ရဲ့ ညာဘက်ခြမ်းက နံပါတ်ကီးတွေနဲ.အဆင်ပြေမှာမဟုတ်ပါဘူး။
နဂို မူရင်းအတိုင်း ပြန်ထားချင်ရင်တော့ Alt + Shift + Num Lock ကို ပြန်နှိပ်ရုံပါပဲ။
သူငယ်ချင်းလေးတစ်ယောက်ကပြောပြသွားတာပါ...
အစဉ်လေးစားလျက်,

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...