လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Tuesday, May 22, 2012

mouse ကိုဘယ်နဲ့မှ သုံးချင်သူများအတွက်

ကိုးကားသမျှကို ရိုးရိုးသားသားလေး ပြန်လည် တင်ပြလိုက်ပါတယ်ခင်ဗျာ..
လေးစားလျက် လမင်း
 

mouse ကိုဘယ်နဲ့မှ သုံးချင်သူများအတွက်

from ( http://www.zwekapinmyae.com/profiles/blogs/mouse-1 )
လူတွေက မိမိတို့ အားသန်ရာ ကို ပဲ အသုံးပြုချင်ပါတယ်။
မွေးကတည်းက ဘယ်လက်ကိုပဲသုံးတတ်တဲ့သူဟာ ကွန်ပျူတာမောက်စ်ကို ညာနဲ့ကိုင်ရတယ်ဆိုရင် အတော်လေး ကသိကအောင့်နိုင်မယ်ထင်ပါတယ်..။ ကျွန်တော်တင်ပြတဲ့နည်းလေက မောက်စ်function တွေ landscape တွေပါ အားလုံးဘယ်ကို ပြောင်းသွားမှာပါ ။

 စမ်းကြည့်လိုက်ပါ

အဆင့် ၁။ Start Menu မှတစ်ဆင့် Control Panel ကိုသွားပါ

အဆင့် ၂။ Control Panel ထဲ မှ Mouse control ကိုသွားပါ ။

အဆင့် ၃။ Mouse Control ထဲမှ switch primary and secondary button ကို ကလစ်ပေးလိုက်ပါ ။
 အဲဒါဆိုရင်တော့ ဘယ်ကျော်သမားအတွက် မောက်စ် ရဲ့ left click ဟာ လက်ညှိုးကို ရောက်သွားသလို right click ကလည်း ညာဘက်မှာကိုင်တဲ့ပုံစံအတိုင်း လက်ခလယ်ကိုရောက်သွားပါပြီ...။

နောက်တစ်ခုကတော့ ညာလက်နဲ့မောက် ကို right click ပေးတဲ့အခါမှာ User ရဲ့ ညာဘက်မှာ ပေါ်ပါတယ် ။
ဒါကိုလည်း ဘယ်အသုံးပြုရဲ့ ဘယ်ဘယ်မှပေါ်အောင် ထပ်လုပ်လိုက်ပါ့မယ်။


အောက်ပါ အတိုင်းလုပ်ဆောင်ကြည့်ပါ။

အဆင့်၁ ။ start menu မှတဆင့် control panel ကိုသွားပါ။
အဆင့်၂ ။ control panel မှတဆင့် table pc setting ကိုဝင်လိုက်ပါ။
အဆင့်၃ ။ right handed ကိုကလစ်ပေးလိုက်ပါ ။
အဲဒါဆိုရင်တော့ အားလုံးအဆင်ပြေသွားပါပြီ...။
မောက်စ်ကို ဘယ်နဲ့ကိုင်လို့ရသလို ညာဘက်မှာကိုင်အသုံးပြုတဲ့အတိုင်း အားလုံးက ပုံစံတူသွားပါပြီ...။
သိပြီးသူများဆို sorry ပါ..........

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...