ခင်ဗျားက ခင်ဗျား မိန်းမကို အပြင်ပန်း စိုးမိုးရင်၊
အတွင်းကျကျမှာ
ခင်ဗျား တပ်မက်သူက ခင်ဗျားကို စိုးမိုးတာပါ။
ဒါလူရဲ့ သဘောသဘာဝပါပဲ။
တခြားတိရစ္ဆာန်တွေမှာ အချစ် မေတ္တာ မရှိဘူး၊
ဒါသူတို့ ယုတ်ညံ့တာကို ပြတယ်။
မိန်းမက ပညာရှိကို လွှမ်းမိုးတယ်၊
ပညာမဲ့က မိန်းမကို လွှမ်းမိုးတယ်၊
သူတို့မှာ တိရစ္ဆာန် ရိုင်းပြမှုက ပါရှိနေတာကိုးလို့
တမန်တော်က မိန့်တယ်။
အချစ်နဲ့ နူးညံ့မှုဟာ လူ စိတ်တွေ ဖြစ်တယ်။
အမျက်နဲ့ ရမက်က တိရစ္ဆာန်စိတ်တွေ ဖြစ်တယ်။
မိန်းမဟာ ဒေ၀ရဲ့ ရောင်ခြည်။
သူမဟာ မြေဆန်တဲ့ ချစ်သူ မဟုတ်။
သူမဟာ ဖန်ဆင်းတတ်တယ်။
သူမကို ဖန်ဆင်းထားတာ မဟုတ်ဘူးလို့
ပြောကောင်း ပြောနိုင်မယ်။
မထနာဝီ ၁/၂၄၃၁ ဖြစ်ပါတယ်။ လူနဲ့နှိုင်းရင် တိရစ္ဆာန်များမှာ အချစ် မေတ္တာ ခေါင်းပါးကြပေမယ့်လို့၊ "အချစ်ဆိုတာ ဘာလဲ" တော့ သူတို့ သိကြတယ်၊ "အချစ်ကို မျက်စိကန်းသူဟာ ခွေးထက် ယုတ်ညံ့တယ်" လို့ မထနာဝီ ၅/၂၀၀၈ မှာ ဆိုတယ်
ပြန်လည်မျှဝေလိုက်ပါသည်.. လေးစားလျက် .. )(လမင်း)
No comments:
Post a Comment