လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Monday, July 30, 2012

ပိုက်ပေါက်နေပါသဖြင့် ကျေးဇူးပြု၍ ပြင်းပြင်း မပေါက်ရ

ဟိုင်း.... ရတာလည်း အခုချိန်မှာ.. မျက်နှာက ပြောင်စပ်စပ်နဲ့.. မရှက်တော့ပါဘူး.. နောက်တစ်ခါ ဟိုင်းလိုက်ပါတယ်..
ချစ်သောသူငယ်ချင်းတို့...
ပြောရမှာ ရှက်လည်းရှက်တယ်.. ရှက်လည်းမရှက်တော့ပါဘူး... မရှက်တစ်ရှက်နဲ့ဘဲ ..ရေးချလိုက်တော့မယ်..
ဟီးး ဟီးး....

ကျွန်တော် လမင်း... အခုလေးတင် ဧပြီတို့ .. ပန်းသဇင်တို့ ..ကိုကွန်မန်တို့နဲ့.. အများပြောစကားဝိုင်းမှာ.. ပြောနေစဉ်ဘဲ
အလုပ်ကပေါ်လာလို့... လူကြီးတစ်ယောက်ကို .. စာရွက်လိုက်ပေးနေရင် ဖြစ်ပျက်တစ်ခုလေးပေါ့..


ရိုက်ရင်း.. ရိုက်ရင်းနဲ့... ပြောလည်းမပြောခြင်တော့ဘူး ပြောလည်းပြောခြင်တယ်... သားသား မျက်လုံးမှိတ်ပြီးဘဲထပ်ရိုက်လိုက်ပါတယ်..

ကျွန်တော်.. အထက်ပါသူငယ်ချင်းတို့နဲ့ စကားပြောနေစဉ်.. ဖုန်းဝင်လာလို့ ဖုန်းပြောအခိုက်. ... လက်ရှိ အလုပ်ရုံးကနေ.. တစ်ခြား ရုံးဘက်သို့
စာတစ်စောင် လူကြီးတစ်ယောက်ကို ပေးရန်.. ကြွမြန်းသွားပါတယ်.. မိုးကလည်းအေး .. သွားရလာရတာလည်း.. စိုစွတ်နေတော့

သွားရတာလည်း မကောင်းဘူးပေါ့...
ဒါနဲ့ ဟိုဘက်ရုံးကိုရောက်.. စာရွက်ပေးစရာပေး အပြန် .. မပြန်ခင် .. သေးကလည်း ပေါက်ခြင်တော့.. ဈေးဆိုင်အသိနေရာကိုသွားရင်..
ကော်ကော်လေး ဘာလေးလည်း သောက်အုံးမယ်ပေါ့.. ဒါနဲ့ ဈေးဆိုင်အရောက် .. ပါလာတဲ့ ထီးကို ခုံပေါ်တင်ပြီး..
ပေါက်တော် သွားဖို့.. အိမ်သာထဲဝင်ခဲ့ပါတယ်. .အိမ်သာထဲမှာလည်း ကျွန်တော်နဲ့ သိတဲ့ ကောင်ကလေး .. တစ်ယောက်ရှိပါတယ်..


ကျွန်တော် ၀င်လာထည်းက အဲ့ကောင်လေးက အစ်ကို ကော်ဖီမသောက်ဘူးလား ထပ်တလဲလဲမေးရင်း .. ကျွန်တော့ကို စနေတာပေါ့..
ကျွန်တော်လည်း စရင်းနောက်ရင်းနဲ့... ပြောရင်.. ရှက်ပါတယ်.. ရှက်လည်းမရှက်တော့ပါဘူး...
သေးပေါက်ဖို့..တန်းရပ်လိုက်ပါတယ်.. ဖြစ်ခြင်တော့.. မတ်တက်ပေါက်တဲ့ သေးခွက်သုံးခုလုံးလည်း ရှင်းနေပါတယ်..


ဖြစ်ခြင်တော့.. ထောင့်ဘက်က အစွန်ဆုံးနေရာကို နေရာယူလိုက်ပါတယ်.. အဲ့အထိ ကောင်လေးက စနေတုန်းပါ..
ဒါနဲ့ ဒီကောင်ကို စရင် ပေါက်ရင်းနဲ့... အေ၇ှ့ကြည့်လိုက်တော့... အေဖိုးးစ် နဲ့ရေးထားတဲ့ စာတစ်စောင်ကိုနောက်ရင်..
အဲ့ကောင်ကို စမယ်ပေါ့.. အေးရအေးကြောင်း ကျွန်တော်ထပ်ပေါက်နေပါတယ်..
ပေါက်ရင်းနဲ့.. ကျွန်တော် အဲ့စာကို ဖတ်လိုက်ပါတယ်.. ပိုက်ပေါက်နေပါသဖြင့်.. ကျေးဇူးပြု`၍ ပြင်းပြင်းမပေါက်ပါနဲ့လို့ စနောက်ရင်..

စကားလုံးကို .. ဟာသစံစံ ဖတ်ပြလိုက်ပါတယ်.. အဲ့အချိန်မှာဘဲ..
ကောင်လေးက... အစ်ကို အစ်ကို လို့ နှစ်ခါလောက်ခေါ်သံကြားတယ်.. အေးပြောလေ..
ဆိုတဲ့အချိန်မှာဘဲ.. ပေါက်သမျှက ..ပြန်ကာကျနေတယ်.. ဟီးး ဟီးး....
ဟာ...... သွားပါပြီး......... ဒါပင်မဲ့ အရှုံးမပေးခဲ့ပါဘူး.. ပီးအောင်ပေါက်ခဲ့ပါတယ်...
မိုးအေးတော့ သေးကလည်း ပေါက်ခြင်နေတဲ့ အနေအထား.. များနေလို့ပါ..
ဟီးဟီးးးးးး ဆိုပြီး နှစ်ကောင်လို့ အပြင်ကိုပြန်ထွက်လာပါတယ်..
အဲ့မှာ ကောင်လေးက ..ကျွန်တော့်ကို. .အစ်ကိုရာ...... ဆယ်တန်းအောင်ပြီးတော့..
စာရေးထားတာတောင်.. လုပ်ရသလားလို့... အဲ့ကောင်လေးက အမုန်းပြောရင်.. သရော်ပါလေးရော်..
ကျွန်တော်လည်း ရှက်တော့ ရှက်ပါတယ်.. ဒါပင်မဲ့.. အဲ့မှာ စာအမှန် အတည်ရေးထားတာက

(ပိုက်ပေါက်နေပါသဖြင့် ကျေးဇူးပြု၍ မပေါက်ပါနဲ့လို့...ရေးပြထားတာပါ.. )

အဲ့ကောင်လေးကို နောက်ခြင်စခြင်တာနဲ့... ပေါက်ပြီးမှ ဖတ်လိုက်တော့ .. မမှီတော့ဘူးဗျာ...
ကျွန်တော် ပြောသလိုဘဲ ရယ်ရင်း..... အရှုံးမပေးဘဲ.. ပေါက်ခဲ့ပါတယ်..
ဘာဘဲဖြစ်ဖြစ် ဒီအကြောင်းတင်လိုက်တာ.. တင်သင့်မတင်သင်စဉ်းစားသော်လည်း.. ကျွန်တော့်အတွက် အရှက်ဖြစ်ရင်ဖြစ်ပါစေတော့...
ဒီစာဖတ်ရင်း ပေါက်နေတဲ့သူငယ်ချင်းတွေအတွက်..
အော်........... မဟုတ်ပါဘူး. . ဒီစာလေးဖတ်ရတဲ့သူငယ်ချင်းတို့အတွက်.. တစ်ထောင့်တစ်နေရာက ဟာသလေးဖြစ်မယ်ဆို..

ကျွန်တော့်အရှက်တွေကို .. အပျော်တွေနဲ့ ဖုံးလိုက်ပါတော့မယ်..
ရှက်လည်းရှက်.. ရှက်လည်းမရှက်..လေးစားလျက် (လမင်း)

27/7/2012 အမှတ်တရ..

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...