လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Monday, February 11, 2013

၂၀၁၃ ဆီးဂိမ်းတွင် Red Link နှင့် ရွှေသံလွင် ကုမ္ပဏီတို့ WiFi Free လွှင့်ခွင့် တရားဝင် ရရှိ

၂၀၁၃ ခုနှစ် ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်မည့် ဆီးဂိမ်းပြိုင်ပွဲ များတွင် Red Link ကုမ္ပဏီနှင့် ရွှေသံလွင် ကုမ္ပဏီတို့ WiFi Free လွှင့်ခွင့်
တရားဝင် ရရှိထားကြောင်း သတင်း ရရှိသည်။ "ဆီးဂိမ်း ပြိုင်ပွဲမှာ အင်တာနက် အသုံးပြုခွင့်ကို ကျွန်တော်တို့ အခမဲ့ လှူပေးတာလည်း ဖြစ်ပါတယ်။ အဲဒီအတွက် ကျွန်တော်တို့ အနေနဲ့ ကြော်ငြာ ခွင့် တွေလည်း ရရှိမှာ ဖြစ်ပါတယ်" ဟု Red Link ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ယင်းသို့ WiFi ထုတ်လွှင့် ပေးရာတွင် အားကစားကွင်း တည်ရှိရာနေရာ မီဒီယာ စင်တာများတွင် အသုံးပြုနိုင်ရန် အတွက် ဆောင်ရွက် ပေးသွားမည် ဖြစ်ပြီး အခမဲ့ လွှင့်ပေးမည့် နေရာများမှာ ရန်ကုန်၊ မန္တလေး၊ နေပြည် တော်နှင့် ငွေဆောင် အစရှိသော နေရာများတွင် အင်တာနက် အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ထိုသို့ အင်တာနက် အခမဲ့ အသုံးပြုနိုင် ရန် ဆောင်ရွက် ပေးရာ၌လည်း လက်ရှိ မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အသုံးပြုလျက် ရှိသော အင်တာနက် မြန်နှုန်း 14G ထက် ထပ်မံပြီး 10G အကျော် အထိ ထပ်မံ လိုအပ်လာဖွယ် ရှိသည်ဟု သိရသည်။ "ဆီးဂိမ်းမှာ အင်တာနက် မြန်နှုန်းကို အကောင်း မွန်ဆုံး ဖြစ်အောင်တော့ ဆွေးနွေး ညှိနှိုင်း သွားမှာပါ။ အခုလို ဆောင်ရွက် ပေးတာဟာ လည်း ပြည် တွင်း၊ ပြည်ပ ပြည်သူတွေ အားလုံး အတွက် အဆင်ပြေအောင် ဆောင်ရွက်ပေး တာလည်း ဖြစ်ပါတယ်" ဟု ၎င်းက ထပ်မံ ပြောကြား လိုက်သည်။

ဆီးဂိမ်း ပြိုင်ပွဲတွင်လည်း အဝင် အင်တာနက် ပိုင်းသာမက မိုဘိုင်းဖုန်း များကိုပါ ပြည်ပနိုင်ငံ အသီးသီးသို့ အလွယ် တကူ ဆက်သွယ် ပြောဆိုနိုင်ရန် အတွက် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ဆောင် ရွက်လျက် ရှိသည်ဟု သိရသည်။ လက်ရှိတွင် မြန်မာနိုင်ငံ အနေဖြင့် ဆီးဂိမ်းပြိုင်ပွဲ၌ ကဏ္ဍ စုံလင်စွာ ယှဉ်ပြိုင်မည် ဖြစ်သောကြောင့် လေ့ကျင့်မှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

"အင်တာနက် ကွန်နက်ရှင်ကို ဆက်သွယ်ရေး လုပ်ငန်း အနေနဲ့ နိုင်ငံတကာ နည်းတူ လုပ်ပေးသင့်တဲ့ အချိန် ရောက်ရှိ နေပါပြီ။ လက်ရှိ အနေ အထားမှာ မြန်မာနိုင်ငံရဲ့ စိတ်ဝင်စားမှုကို အများဆုံး ရှိနေ တဲ့ နိုင်ငံတစ်ခု ဖြစ်တာကြောင့်လည်း ဒီကွန်နက် ရှင်ပိုင်းဟာ များစွာ အရေးပါ ပါတယ်။ ဆီးဂိမ်း ပြိုင်ပွဲမှာတင် မကပါဘူး။ အမြဲတမ်း ကောင်းမွန်အောင် ပြုလုပ် ပေးသင့်တယ်" ဟု ပြည်တွင်း နည်း ပညာ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက အကြံပြု ပြောကြားခဲ့သည်။

From : ရှိန်းဝင်းထိုက် (Yatanarpon) ပြန်လည်ကာ တင်ပြသည် လေးစားလျက် (လမင်း)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...