လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Friday, August 23, 2013

window တင်ပြီးမှ Local Disk နောက်တစ်ခုထပ်ခွဲနည်း

window တင်ပြီးမှ Local Disk နောက်တစ်ခုထပ်ခွဲနည်း

ကဲ.........သူငယ်ချင်းတို့ရေ.....
ဒါလေးကတော့နည်းပညာလေးတစ်ခုပါ။ သူငယ်ချင်းတို့ ကွန်ပြူတာမှာ
Local Disk C နဲ့ Local Disk D ကိုပြန်ပေါင်းချင်ရင်ပဲဖြစ်ဖြစ် ၊ ဒါမှမဟုတ်
နောက်ထပ် Local Disk E လေးတစ်ခုထပ်ပြီး လုပ်ချင်ရင်ပဲဖြစ်ဖြစ် ပြုလုပ်နည်း

လေးတစ်ခုပါ...မသိသေးတဲ့ သူငယ်ချင်းတွေအတွက် ရည်ရွယ်ပါတယ်.....။
အရမ်းကိုလွယ်ပါတယ် ဗျာ...............
၁။အရင်ဦးဆုံးမိမိ desktop ပေါ်က computer icon လေးမှာ right click နှိပ်ပြီး manage ကို ကလစ်လိုက်ပါ...
၂။ဒီလိုလေးပေါ်လာခဲ့ရင်


Storage ထဲက Disk Management ကိုထပ်ပြီးကလစ်လိုက်ပါ...ဒီလိုလေးပေါ်လာရင်..........................
(C) ကိုကလစ်၊ right click ထောက်ပြီး shrink volume...ကိုကလစ်လိုက်ပါ...ဒါက Local Disk C ထဲကထပ်ပြီးခွဲတာ...တကယ်လို့ Local Disk D ကခွဲချင်တယ်ဆိုရင် D ကိုကလစ်လိုက်ပေါ့....ဒါမှမဟုတ် Local Disk D ကိုဖျက်ချင်တယ်ဆိုရင် right click ထောက်ပြီး Delete volume...ကိုနှိပ်ရမှာပါ..ဒါဆိုရင် အကုန်လုံး Local Disk C ထဲကိုအကုန်ပေါင်းပြီးသားဖြစ်သွားပါမယ်....အရေးကြီးတဲ့ ဖိုင်တွေကိုအရင်ဆုံး Local Disk C ထဲပို့ထားပေါ့...ကဲ shrink volume ကိုကလစ်လို့ ဒီလိုလေးပေါ်လာခဲ့ရင်
ပြီးတဲ့အချိန်ထိခဏစောင့်ပါ...ဒါက Local Disk C ကနေထပ်ပြီးခွဲတာ...D ကခွဲချင်ရင် D မှာခွဲပေါ့နော်...
ပြီးရင် ကိုလိုချင်သလောက်ကို ပြန်ပြင်ရေးလိုက်ပါ...ပြီးရင် shrink ကိုကလစ်လိုက်ပါ...ပြီးရင်နာမည်ပေးရဦးမှာပါ...Local Disk E ဆိုရင် E ပေါ့...ဒီလိုလေးပေါ်လာမှာပါ...
နာမည်ပေးဖို့အတွက် right click နှိပ်ပြီး new simple volume ကိုကလစ်..ပြီးရင် next ကိုနှိပ်...ဒီလိုလေးပေါ်လာရင် နာမည်ပေးလိုက်........E ပေးချင်ရင် E ပေါ့............
ပြီးရင် next တွေကြီးပဲထပ်နှိပ်ယုံပဲ...နောက်ဆုံး finish ပေါ့...ဒါဆိုရင် သူငယ်ချင်းတို့ ကွန်ပြူတာမှာ Local Disk လေးနောက်တစ်ခုထပ်ရောက်လာပါပြီ........အားလုံးအဆင်ပြေကြပါစေဗျာ...........။
 
posts by : http://khinmyoaung.blogspot.com/2013/04/window-local-disk.html#more

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...