လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Sunday, October 20, 2013

◄ Samsung Galaxy S အတွက် Pattern Lock မေ့သွားပါက ဖြုတ်နည်း ►

ကဲကဲ .. ဖေ့ဘုတ်စ်သူငယ်ချင်းတို့ရေ .. 
ဘာတင်ရမလဲ တွေးကာနေတာ ... ဖုန်းတွေအတွက်.. 
တစ်ထောင့်တစ်နေရာကနေ အထောင့်အကူရအောင်. တင်ပြလိုက်ပါတယ်.. ။ 

တတ်သည့်ပညာမနေသာ အသိတစ်လုံးအမြတ်ဆုံး တစ်လုံးအသိ အကျိုးရှိသလို..။
ဒီပို့စ်လေးကို ဖတ်ပြီး နည်းပညာတစ်ခုတော့ ရမယ်ထင်ပါတယ်.. 

ွှToo many pattern attempts..?
ဖြစ်နေရင် User name and Password တောင်းပါတယ်.. 

Pattern Lock တွေ မေ့လို့ ပြန်ပီး ဖြုတ်လို့မရ ဖြေလို့မရတာအတွက်.. 
ကျွန်တော်ဒီနေ့တင် စမ်းသပ်ကြည့်လိုက်ပါတယ်.. ..။ စမ်းသပ်တာလေး ..အောင်မြင်လို့ ..
ပြန်လည်မျှဝေ အသိပေးလိုက်ပါတယ်..။

အရင် ကျွန်တော် အင်တာနက်ပေါ်ကနေ Pattern Lock တွေ ဘယ်လို ပြန်ဖြေရမလဲ
ဆိုတာကို လေ့လာဖတ်ရှုဘူးပါတယ်.. တစ်ထောင့်တစ်နေရာကကနေ 
အထောက်အကူရတယ် ဆိုင်ပြေးစရာမလိုတော့ဘူးပေါ့ဗျာ.. 

ဒီနေ့လည်း လုပ်ငန်းခွင်က မိတ်ဆွေတစ်ယောက် ဖုန်းက 
Pattern Lock နှိပ်တာများပြီး ဖြုတ်လို့မရ ဖြေလို့မရဖြစ်နေတာ ဖုန်းဆက်လာပါတယ်..။

အရင် ကျွန်တော်စမ်းသပ်ဘူးတဲ့ ဖုန်းတွေက .. Samsung Galaxy W , Y , Ace , S2 တွေပါ 
မိတ်ဆွေဖုန်း ဘာအမျိုးအစားလဲ မေးတော့ . Samsung Galaxy S ပါတဲ့ 
ဟာ... ဒုက္ခ ... ကျွန်တော်လုပ်ကြည့်မယ်ပေါ့ ..။

အရင်လုပ်ဘူးတဲ့ ဖုန်းတွေလို ပြန်ဖြေကြည့်ပါတယ်...။မရပါဘူး .. ။
ဒါနဲ့ အင်တာနက်ပေါ်ကနေ လုပ်နည်းလေးရှာဖွေရင်း.. Samsung Galaxy S အတွက် Pattern Lock ဖြေတာ အဆင်ပြေသွားပါတယ်.. ။

ကဲကဲ... စကားတွေလဲရှည်လို့ လိုရင်းမရောက် ဖြစ်တော့မယ်
တတ်သည့်ပညာမနေသာဆိုသလို အသိတစ်လုံးအမြတ်ဆုံး တစ်လုံးအသိအကျိုးရှိ၏ပေါ့ဗျာ..။

Samsung Galaxy S အတွက် Pattern Lock ဖြေနည်းလေးစလိုက်ရအောင်ဗျာ..
Galaxy S  အတွက် အရင်ဆုံး ဖုန်းကို ဖွင့်ထားလိုက်ပါ.. 

ဖွင့်လျက် battery ကို ဖြုတ်လိုက်ပါ... ပြီးရင်
Volume + Up နှင့် Home button ကို တစ်ပြိုင်ထည်း ဖိထားပါ မလွှတ်လိုက်ပါနဲ့ ...ပြီးရင်
Power button ခလုတ်ကို နှစ်စက္ကန့်လောက် နှိပ်လိုက်ပါ ..ပြီးရင်...

ဖိနှိပ်ထားသမျှ လွှတ်ပြီး ဖြုတ်ထားတဲ့ 
battery ကို ပြန်ထည့်လိုက်ပါ.. ။ ထည့်ပြီးရင် Volume Up + Home button + Power button သုံးခုကို တစ်ပြိုင်ထဲ နှိပ်လိုက်ပါ.. ။.. 

Logo Screen ပေါ်လာရင် ပါဝါ ခလုတ်ကို လွှတ်လိုက်ပါ .. ဒါဆိုရင် . reboot system now ဆိုပီး
 List ကျလာပါလိမ့်မယ်.. .။

အဲ့ဒီ လစ် ထဲမှာ wipe data / factory reset ဆိုတဲ့နေရာထိရောက်အောင် Volume Down နဲ့ သွားပါ သွားပီးပီးဆိုရင် ... Home button လေးနှိပ်လိုက်ပါ .. 

Delete all user data No (or) Yes မှာ ... Yes ပေါ့ ပြီးရင် ... reboot system now  ဆိုတာ
ထပ်နှိပ်ပေးလိုက်ပါ ... အားလုံးပြီပြီးဆိုရင်တော့ .. ပါဝါ ကျသွားပါလိမ့်မယ်.. ။

ပြန်ပေါ်လာရင် Select Language မှာ English (united kingdom) ရွေးပြီး Skip (or) Next နှိပ်သွားပါ ဒါဆိုရသွားပါပြီးခင်ဗျာ... အဆင်ပြေမယ်လို့ထင်ပါတယ်.. ။

ဖော်ပြမှုလေး လိုအပ်ချက်ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ .. 
ပြောရင်း...အားလုံးကို လေးစားလျက် (အန်လ်အယ်လ်အေ) 

20/10/2013

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...