ပွဲစကတည်းက
အနိုင်မရခြင်တဲ့ ... အချစ်ဘောလုံး အားကစားပွဲမှာ
တစ်ဂိုးလောက်တော့ ကြိုးစားကာ
သွင်းမယ်ဆိုမှ .. ကျိုးသွားခဲ့ရတယ်..
ဒိုင်လူကြီးရဲ့ မျက်နှာသာပေးမှု့ကြောင့် ..
ပီနဲ့နဲ့.. ကန်ခွင့်ရခဲ့ သောလည်း..
အချစ်ဘောလုံး ကစားပွဲမှာ..
အနိုင်မလိုခြင်တဲ့ အရှုံးပေး စိတ်ကြောင့်..
ဘေးထွက်ဘောဖြစ်အောင် ကန်လိုက်တယ်..။
အကောင်းဆုံး အသုံးမချနိုင်ခဲ့တော့
တို့ရဲ့ အချစ်ဘောလုံးအသင်း
သရေတောင် မကျ ရှုံးနိမ့်ခဲ့ရတယ်..
ပွဲကြည့်ပရိသတ်ကလည်း
အမုန်း ဆဲ ပါတော့တယ်..
ဒါပင်မဲ့.. အချစ်ဘောလုံး အားကစားပွဲမှာ.
တစ်ဖက်အသင်းကို အနိုင်မလိုခြင်းတာ အမှန်ပါဘဲ...
မာနလေး တင်းကာ သရေလောက်တော့
ဟန်မပြတ်ကစားမယ် ဆိုကာမှ
မီနစ် 90 လည်း ပြည့်ရော
၂
ဂိုး .. ၀ နဲ့ အချစ်ဘောလုံးအသင်း ရှုံးခဲ့ရတယ်..
ကွယ်ရာမှာ .. တစ်ဖက်သင်း
ပျော်နေတာမြင်ရလို့
ဒီကစားပွဲအတွက် အလုံးဆုံးကို ကျေနပ်ပါတယ်..
အချစ်ဘောလုံးပွဲရယ်..
မှတ်ချက် ။ ။ ဒိုင်လူကြီးကိုလဲ .. အပြစ်မပြောပါ.. ကျိုးသွားလို့ .. ဆေးကုသမှုဘဲ ခံနေရပါတော့တယ်.. (လမင်း) 11.5.2011
No comments:
Post a Comment