လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Friday, May 11, 2012

China ထဲ တံတိုင်းများလဲ


ရက်စက်ခဲ့ မျက်ဝန်း ပါးပြင်အထက် ရွာခဲ့သော မျက်ရည်မိုး
နှလုံးသား မှာ ပန်းတွ ပွင့်နေတာ မဟုတ် .. ။
မစာနာ မညှာသာစွာ နားထဲမှာ ပြန်ပြန်ကြားတာက အချစ်ကို ကိုးကွယ်မတဲ့လား .. ။
ဗိုက်ရစ်လို ကိုက်နေတဲ့ ငါ့ နှလုံးသား မိုင်းလိုပဲ ခွဲလိုက်တော့ အမုန်းများ
လက်ခံရရှိပြီးမှတော့ အရှုံးများ ရင်မှာထွေးပိုက်ကာ အသုံးချ .. ။

ရုန်းမရတဲ့ နွံများထဲ ဖြတ်မဲ့စွန် ဘက်က ကြိုး မှန်စာ တိုက်ထားတယ် .. ။
အမိုက်စားနဲ့ လှည့်ကွက်များကြား တိုက်စားခဲ့ နှူတ်ဇောင်းက ရေဇောင်း ထက် .. ထက်နေတော့ ခက်နေတယ် .. အရှေ့ကိုလည်း ဆက်မနေနဲ့ ဇတ်လမ်းက ဒီမှာတင် ပြတ်နေတယ် .. ။



နှူတ်ခမ်းတွေ အနက် အနမ်းတွေလည်း မပေးချင်ပါ .. ။
မင်း နဖူးကို ယုယစွာ နမ်းချင်တဲ့ငါ .. အလှမ်းတွေလည်း ဝေးလွန်းလွန်း ဒီလမ်းတွေထဲ ငါ တစ်ယောက်ထဲ ဆက်လျှောက် နိုင်စွမ်းလဲ မရှိတော့ပါ .. ။

>မေ့မရလို့ ခံစားချက်တွေ ချရေးလည်း ကိုယ့်ကိုယ်ကို သိပါတယ် ငါအမှားတွေ ရှာနေခဲ့ င့ါနဲ့ ပက်သက် ရင် နင်ဘာတွေများ အလေးထားခဲ့လဲ နင့်ဘေးမှာ မရှိတဲ့ ငါ နင်စေလိုရာ နေချင်ပေမဲ့လည်း မနေရ တော့ နင်ယုံကြည် လာအောင် ကြိုးစားခွင့်က ဘယ်မှာလဲ .. ။

နင်နဲ့ ငါ့ကြား ခြားနေတဲ့ ချိုင်းနားထဲ တံတိုင်းများလဲ တစ်နေ့နေ့တချိန်ချိန်မှာ တံတား အဖြစ်နဲ့ အတားအစီးမဲ့ ကြားရှိဝယ် ထားရှိမယ့် စိတ်ကူးလည်း အတိတ်ကူးခဲ့ မျက်လုံးထဲ အရိပ်တစ်ခုပဲ ဖျက်စီးခဲ့ .. ငါ့ဘက်ကို လှည့်မကြည့်တဲ့ နင် .. နင့်အတွက်က ဘာသာယာလဲ ငါ့ဘဝထဲ ဝင်မလာနဲ့
ငါက ငမွှဲ ရူပါး မလန်းတဲ့ ဘဲ ကြုံရာဆော် မဆွဲတက် ဒါကို မင်းလဲ သိတာပဲ .. ။
မင်းကိုင်တဲ့ အိုင်ဖုန်းလောက် ငါနှလုံးသားက ကစားလို့မှ မကောင်းခဲ့ပဲ .. ။


မပြောင်းလဲ တဲ့ ခံစားချက်နဲ့ မဟောင်းနွမ်းခဲ့ ဒီအချစ်တစ်ခု ရဲ့ ယုံကြည်မှူ့ကို ရောင်းစားခဲ့တဲ့ နင့်အတွက် ငါ က ပေးတဲ့ ဒီ စာသားတွေက ဒဏ်ချက်ပဲ .. ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...