လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Friday, May 11, 2012

အခုတော့ ဦးရဲ ပြောပြီးပေါ့.. ကိုယ့်အပြစ်နဲ့.. ကိုယ် (လမင်း)



အော့် .. သက်ကြီးစကား သက်ငယ်ကြားဆိုသလို့..
လမင်း ဘ၀ ယုံစားကာ ပုံမှားသွားခဲ့ပီးလေ...
သူဆိုတဲ့ မာနကို လက်ကိုင်ပီး လျှောက်ကာသွားတော့..
နောက်ကလူတွေ...
နေမထိ ထိုင်မသာနှင့် ပိုလိုပတ်လက်တွေဖြစ်ရတာပေါ့...
ဒါကိုဘဲ သူက ဆရာလေးဆရာလေးနဲ့...
နားတွေဖောက်ခဲ့တာ ကြောက်ရပါပီဗျ..
အခုတော့ မကြင်နာရတဲ့အဆုံး..
မောင်လမင်းလည်း .. .တအုန်းအုန်း...
ပြောပြကာ ရေးချကာ တင်ရတာ..
နာမည်ကြီးပြီး ထမင်းငတ်တာ.. .လမင်းပါ.. ။



ကဲ ဘာထူးတော့မလည်း...
ငါဘ၀ကို ပြောပြတော့မယ်..
ဆိုင်ကယ်တောင် (၀စ်သောက်) မစီးနိုင်ဘူး..
ငါ့ဘ၀က ရုံးမှာ နားခိုရာ..
ရုံးတတ် ရုံးဆင်းချိန်.. အချိန်တွေနဲ့..
လွမ်းရစ်ခဲ့သူမို့..... အလုပ်တစ်ဖက်ကိုလည်း .. အလုပ်မပြုတ်အောင်
ဂရုစိုက်နေသူ...
အများက ၀ိုင်းပြောသေးတယ်.. ဒီအကောင့် အမှတ်မှမရှိတာဘဲ...
ချစ်တစ်ခုအတွက် ရူးခဲ့ရသူမို့..
နောက်ကြကာ သွားခဲ့ရပီးး.. ကံကြမ္မာရယ်.. ငါဘက်မလှည့်နိုင်သေးခင်..
အဖြူအစိမ်းလေး ၀တ်ကာ .ရုံးဘက်လှည့်ကာငို... ။

ကြိတ်ကြိတ်စွာ တိုးဝှေ့ခဲ့သူ...
ကြင်နာသူရေ ... ငါ့ ဘက်တစ်ချက်လှည့်ကြည့်ပါအုန်းကွယ်...
သနားတဲ့ မျက်လုံးလေးတစ်ခုနဲ့.. ငါ့နှလုံးအိမ်လေးထဲကို ကြည့်သွားလိုက်ဆန်းပါ..
ရေးဖြစ်ကာ ရေးလိုက်ရပီ.. ဘာတွေ ဘယ်လို တွေးတောရှုပ်နေဆဲ..
မျက်စီတွေက အိပ်ချင်လှပီကွယ်...
...ကြိတ်မှိတ်ကာ ရေးအုန်းမယ်.. ။

အော်......အော်... အညောင်းမီကာ ဇာတ်ကြောတတ်လဲ
နောက်ဆို ပါဝါတွေတောင် တိုးသတဲ့ တိုးလာဆဲ
ငါ့အလုပ်က ကွန်ပျူတာဘဲ..
ခေတ်မကောင်းတော့ ၀ါသနာအဆိုတော်ဖြစ်ဖို့ကလည်း စဉ်းစားရတယ်..
ထိုင်နေရင်းနဲ့.. မျက်ရိုးကိုက်ကာ..ရောဂါရတာ..
ဟိုဘက်စောင်းကာ ဒီဘက်စောင်းကာ
အခမ့်မသိ ခါးတောင်ညှက်သေး..တယ်..
ဟိုတွေး ဒီအတွေးကြောင့် .. ဦးနှောက် အမှေးပါးတွေတောင်
ယောင်မှာ ကြောက်သေးတယ်..
ဘီဘီလေး သောက် အင်တာနက်လေးအတွက်..
တစ်ခါတစ်ခါ အချိန်ပေးကာ.. လွတ်လပ်မှု
ပျော်ရွှင်မှုအနေနဲ့.. ငါထိုင်ထိုင်လို့ရေးကာ ပေး
တကယ်ဆို... ငါ.လည်း ..သံယောဇဥင်္အလွန်တွယ်တဲ့ .. ကောင်လေး....

မှတ်ချက် (အလုပ်တွင် ကျူတီကြသောနေ့က ... 12.00 နာရီ မတင်တွင် ရေးသားခဲ့ပါသည်... ) 4.5.2012 ရက်စွဲပါ စာအမှတ်ရ (1500)
ဘာရယ်မဟုတ် ကျွန်တော့်အတွေး ကျွန်တော့်အရေးကြောင့် အမှားပါရင် ခွင့်လွှတ်ပေးပါ ပြင်ပေးပါလို့.. ပြောရင်း (လေးစားလျက်--- အပျင်းထူတဲ့ .. လမင်းလေး)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...