♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)
Related Post
Menu
- ချက်တတ်ပြုတ်တတ်တဲ့ ကိုယ်ကိုတွေကို ပျိုပျိုမေတွေ အမှတ်ပေးတာ ဟုတ်သလား
- အခုတော့ ဦးရဲ ပြောပြီးပေါ့.. ကိုယ့်အပြစ်နဲ့.. ကိုယ် (လမင်း)
- Heart ♥ ထိတယ်
- အဖြစ်မှမရှိတဲ့.. ငါ
- အများကြီးမလိုအပ်သောငွေနှင့် အများကြီးလိုအပ်သော မိတ်ဆွေ
- အနာဂတ်ကောင်းကင်ကြီးဘယ်တော့ တောက်ပမည်နည်း..?
- ပင်ပန်းပါစေ
- အမှောင်ထဲက ကျွန်တော်
- ဘာမှ မပြောင်းလဲပါ ဒီတိုင်းပဲ...
- လူတွေလိုအပ်တဲ့ လူတစ်ယောက်မဖြစ်ရင်တောင် လူတွေမလိုအပ်တဲ့ လူပိုတစ်ယောက်လဲ မဖြစ်ချင်ပါဘူး...
- နွားကလေးနို့ နွားကြီးစို့
- အဖေ့မိုးက ရေပါမိုး
- မေမြို့ လွမ်းချင်း***♪♪
- လက်ကိုက်ခွေး
- အချစ်ကို နှစ်တရာမက ချစ်ချင်သူ...
- မဖြစ်နိုင်တဲ့ ၁၀ စက္ကန့်
- အောင်မြင်ခြင်းရဲ့ လျှိုဝှက်ချက်
- အပျိုကြီး / လူပျိုကြီးများ ဘယ်သော်အခါမှ ပြည့်စုံခြင်းမရှိ
- တွက်ကြ ချက်ကြသော နှစ်လုံးသမားများ
- မြည်းတစ်ကောင်ရဲ့ သတ္တိ
- အောက်ခြေလွတ်လို့ (ဟာသ)
- နားနားပြီးပြော(ဟာသ)
- ခြေလှမ်းများ
- အလွမ်း(အကြိုက်ဆုံး ကဗျာ)
- ချစ်စရာ .. ဓလေ့လေးတစ်ခုပါ
Friday, May 11, 2012
ငါအိုသွားတဲ့အခါ”
ငါအိုသွားတဲ့အခါ ငါဟာ အရင်က ငါမဟုတ်တော့ဘူး၊ ငါ့ကို နားလည်ပေးပါ၊ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။
ချည့်နဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ် လောင်းမိတဲ့အခါ၊ ဖိနပ်ကြိုးတွေ ချည်ဖို့မေ့သွားတဲ့အခါ၊ ငါ့ကို မရွံပါနဲ့၊ ငယ်ငယ်တုန်းက ငါသင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။
အပ်ကြောင်းထပ်မက ပြောဖူးတဲ့ စကားတွေကို ငါပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ၊ ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ည ပုံပြင်တွေကို မရိုးအောင် ပြောရင်းငါချော့သိပ်ခဲ့ဖူးတာတွေကိုသတိရပေးပါ။
မလှုပ်မရှားနိုင်လို့ ရေချိုးဖို့ အကူအညီ လိုတဲ့အခါ ငါ့ကိုမငြိုငြင်ပါနဲ့၊ ငယ်ငယ်တုန်းက ချော့တစ်လှည့် ခြောက်တစ်ခါရေချိုးပေးခဲ့ဖူးတဲ့ပုံရိပ်လေးကိုမြင်ယောင်ပေးပါ။
ခေတ်သစ်၊ နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် ငါ့ကိုမလှောင်ပါနဲ့၊ ငယ်ငယ်တုန်းက “ဘာကြောင့်”ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကို သတိရပေးပါ။
စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါကိုကူတွဲပေးပါ၊ လမ်းလျောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း လှမ်းလျောက်ကျင့်ပေးခဲ့ ဖူးတာကိုကျေးဇူးပြုပြီးသတိရပေးပါ။
အသက်ကြီးလာလို့ စကားပြောရာမှာ ရှေ့နောက်မညီဘဲ အကြောင်းအရာ တွေကို ငါမေ့သွားတဲ့အခါ အချိန်ပေးပြီး စဉ်းစားခွင့်ပေးပါ၊ စကားအကြောင်းအရာတွေက ငါ့အတွက် အရေးမကြီးပါဘူး။ ဘေးကနေငါပြောသမျှကိုနားထောင်ပေးရင်ကျေနပ်ပါပြီ။
တစ်နေ့ထက် တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနဲ့၊ နားလည်ပေးပါ အားပေးပါ၊ အရင်တုန်းက လူ့ဘ၀ တက်လမ်းအတွက် ငါလမ်းညွှန်ခဲ့သလို အခုအချိန်မှာ ငါ့ဘ၀နောက်ဆုံး အချိန်တွေအတွက် အဖော်ပြုပေးပါ။ အချစ်နဲ့ အေးမျှမှုတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ။ အဲဒီအပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ။ ဓမ္မဒါနဖြန့်ဝေသော စာစုကလေးအား ထပ်ဆင့်ကူး၍ဖော်ပြခြင်းဖြစ်ပါသည်။
Labels:
ရသ
Subscribe to:
Post Comments (Atom)
Comment ;
HTML Comment Box is loading comments...
No comments:
Post a Comment