၁၅၀၀ မေတ္တာရဲ့ အရိပ်အောက်မှာ
ခိုလှုံခွင့်မရတဲ့ ငါ့ဘ၀ဟာ
ဘုရားသခင် ကောင်းကြီးပေးကာ
ထပ်တလဲလဲ ရေးရွတ်နေပါစေ..
စစ်မြေပြင်မှာ တစ်ဦးတည်း
စစ်တိုက်နေရသလို
သေရင်လည်း မထူး နေရင်လည်း အရူး လိုလို
သေမ ထူး ...နေ အရုး ဘ၀နဲ့
နဖူး နဲ့ ဒူး .. တိုက်ကာငို..။
၁၅၀၀ မေတ္တာရဲ့ ပိုင်ရှင်ရေ မင်းကတော့
ရေခြား မြေခြား တစ်နေရာမှာ..
ကြင်ရာတစ်ပါးနဲ့ ခေါင်းအေးအေး နေနိုင်ပြီပေါ့..
ငါ့ မှာတော့ ရွေးချယ်ရဦးမဲ့...
ဘ၀ လမ်း အချိုးအကွေ့တွေကြား..
တိုးဝှေ့နေရဦးမယ်..။
နေတလှည့်... ညတစ်လှည့်
ယောင်ခြောက်ဆယ်ဘ၀မှာ..
အလွမ်းရက်တွေ ထပ်ကာ .. ကြိတ်ကာ..
အိပ်စက်ရဦးမယ်..။
ဖြေသိပ့်စရာရှာ၍ ကျန်ရစ်နေရဦးမှာကြောင့်
အံကြိတ်ကာ.. ဖြေသိပ့်စရာအဖြင့်
စာရွက်နဲ့... ဘော်ပင်ကို ..မိတ်ဖွဲ့ကာ..
နောက်မှ ဆက်ရေးပရစေကွာ...။
အံကြိတ်ကာ.. ဖြေသိပ့်စရာအဖြင့်
စာရွက်နဲ့... ဘော်ပင်ကို ..မိတ်ဖွဲ့ကာ..
နောက်မှ ဆက်ရေးပရစေကွာ...။
မပြောင်းလဲတဲ့ ချစ်ခြင်းများနဲ့
ကောင်းကင်သဖွယ်.. ချစ်မိခဲ့တယ်
ကံကြမ္မာရဲ့ ကျီစယ်မှုကြောင့်
ဖြစ်....ပျက် ..ဘ၀ထဲမှာ..
အိပ်မောကျစဉ်... လန့်နိုးဖူးတယ်..
လူတွေပြောတဲ့ (၁၅၀၀) မေတ္တာဆိုတာ..
ဘယ်လိုမျိုးလဲ ....?
(ရင်တွင်းဖြစ် လမင်း)
No comments:
Post a Comment