လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Friday, May 11, 2012

ကာရာအိုကေ အမည်ခံအနှိပ်ခန်းနှင့် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သူများကိုပါ အရေးယူမည်ဟုဆို

Photo
 
ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားမ၀င်ဖွင့်ထားသော အနှိပ်ခန်းများအားလုံးကို သက်ဆိုင်ရာက ထိရောက်စွာ အရေးယူပြီးသည့်အနက် ကေတီဗီ(ကာရာအိုကေ)ဆိုင်များကို ဗန်းပြ၍အနှိပ်ခန်းနှင့် ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်နေသည့် ကေတီဗီဆိုင်များအားလုံးကိုပါ အရေးယူသွားမည်ဟုမြန်မာနိုင်ငံရဲတပ်ဖွဲ့မှဒုတိယရဲမှူးတစ်ဦးက ပြောကြားသည်။

    အနှိပ်ခန်းများအားလုံးကို ပိတ်သိမ်းအရေးယူပြီးသည့်နောက် ကေတီဗီဆိုင်များတွင် အချို့မှာ အနှိပ်ခန်းများ တွဲဖက်လုပ်ကိုင်ခြင်းနှင့် အချို့ဆိုင်များမှာအကူသီဆို သူမိန်းကလေးများနှင့် အလုံပိတ်ခန်းများ သီဆိုစေခြင်းအပြင် ပြည့်တန်ဆာလုပ်ငန်းများကိုပါ လုပ်ကိုင်နေကြခြင်းဟုသိရသည်။ ကေတီဗီဆိုင်များ အရေးယူမှုတွင် ဆိုင်များ၌ အကူသီဆိုသူဟုခေါ်သော မိန်းကလေးများ ထားပေးခြင်းကို အများဆုံးတွေ့ရပြီး ထိုသို့သော ဆိုင်များကို ကာရာအိုကေသတ်မှတ်စည်းကမ်းများ ဖောက်ဖျက် ကျူးလွန်မှုပုဒ်မ ၁၈၈ဖြင့် အရေးယူခြင်းဖြစ်သည်ဟုဆိုသည်။


    ရန်ကုန်တိုင်းဒေသကြီးအတွင်းထိုသို့ အရေးယူမှုများတွင် တိုင်းအုပ်ချုပ်ရေးအဖွဲ့၏ စီမံချက်ဖြင့်မြို့နယ်အုပ်ချုပ်ရေးမှူးများကတရားလိုပြုလုပ်တိုင်တန်းခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ အနှိပ်ခန်းများကို ဖမ်းဆီးအရေးယူခဲ့ရာတွင် ဘုရင့်နောင်ပွဲရုံတန်းရှိသော မရမ်းကုန်းမြို့နယ်နှင့်အောင်မင်္ဂလာအဝေးပြေးကွင်းရှိ သော မြောက်ဥက္ကလာပမြို့နယ်တို့၌ အများဆုံး ဖမ်းဆီးအရေးယူခဲ့ရပြီး ယခုကေတီဗီများအား စတင်အရေးယူနေရာတွင် အလုံမြို့နယ်၌ ဖမ်းဆီးရမိမှုများပြားနေသည်ဟု သိရ သည်။  မြန်မာနိုင်ငံ၏စီးပွားရေးမြို့တော်ရန်ကုန်တွင် ကာရာအိုကေဆိုင်ပေါင်း ရာနှင့်ချီ၍ရှိသည်။ သို့သော် ထိုဆိုင်များထဲမှ အချို့တွင်သာ အနှိပ်ခန်းနှင့်ပြည့်တန်ဆာလုပ်ငန်း များကို လုပ်ကိုင်နေခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်၊ ဇွန်-၂၃

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...