သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် တိုးတက်ပြောင်းလဲ လာမှု အများအပြားနဲ့ ကမ္ဘာက အံ့သြောချီးကျူးခံရမှု အများအပြားဟာ သမ္မတ အကြံပေး ဦးကိုကိုလှိုင်ရဲ့ အစွမ်းအစ အများအပြား ပါဝင်လျှက် ရှိပါတယ်။ အခုလို မြန်မာပြည်သူများသာမက ကမ္ဘာကပါ လေးစားချီးကျူးရတဲ့ နိုင်ငံတော် သမ္မတအကြံပေး ဦးကိုကိုလှိုင် ကို ပုတ်ခတ် စော်ကားသော စာသားများနဲ့ ဓာတ်ပုံ အများအပြားကို အင်တာနက် နှင့် Facebook ပေါ်တွင် ပျံ့နှံ့လာခဲ့ပါတယ်။
ဧရာဝတီ
သတင်းစာမျက်နှာနှင့် facebook တွင်ဖော်ပြထားသော ကာတွန်းဟန်လေးမှ
နိုင်ငံတော် သမ္မတ အကြံပေး အား လှောင်ပြောင်ရေးဆွဲထားသည့် ကာတွန်း
ပြီးခဲ့တဲ့ အပတ်က Eleven Media မှ ဘက်ပေါင်းစုံမှ ၀ါဒဖြန့်ချိရေးသမားများ Facebook အပါအ၀င် အွန်လိုင်းမီဒီယာ၌ နေရာယူမှု များလာခြင်းအတွက် ခေတ်နှင့်လျော်ညီသော ဥပဒေတစ်ရပ် ပေါ်ထွန်းရေး လိုအပ်လာ ကြောင်း၊ နိုင်ငံတကာနှင့် ပြည်သူလူထု၏ ယုံကြည်လေးစားမှု ရရှိထားသည့် ပုဂ္ဂိုလ်များကို ညစ်ညမ်းစွာ ပုတ်ခတ် ဖော်ပြသူများကို ဥပဒေ အရ အရေးယူသင့်ကြောင်း တိုက်တွန်းပြီး တစ်ပတ် အတွင်းမှာ အခုလိုမျိုး နိုင်ငံတော် သမ္မတ အကြံပေးတစ်ယောက်ကို ရိုင်းစိုင်းစွာ ပုတ်ခတ်စော်ကား ဖော်ပြမှုများကို တွေ့လာရတာဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး Eleven Media ကပဲ သူဖော်တဲ့ဆေးကို သူဆက်စားနိုင်ကြောင်း၊ Eleven က တိုက်တွန်းပြီး ရက်ပိုင်းအတွင်းမှာ အခုလိုဖြစ်တာဟာ Eleven ကို သိက္ခာ ကျစေကြောင်းနဲ့ သိက္ခာဆည်ဖို့အတွက် ဦးဆောင်ပြီး တောင်းဆိုနိုင်ကြောင်းကို အမည်မဖော်လိုသူ Weekly Eleven Journal မှ ဝန်ထမ်းတစ်ဦးက အခုလို ပြောပါတယ်..
"ဟုတ်ပါတယ်... ကိုယ်ဖော်တဲ့ဆေး ကိုယ်စား ဆိုသလိုပေါ့ဗျာ... Eleven က တိုက်တွန်းပြီး ရက်ပိုင်းအတွင်းမှာ အခုလို ဆက်တိုက်ရေးနေကြတာက Eleven ကိုေ-ာက်ပေါကြီး ဖြစ်စေတယ်လေ... သိက္ခာကျတာပေါ့ဗျာ... အဲဒါ အယ်ချုပ် ကိုဝေဖြိုး ကတော့ သူဦးဆောင်ပြီး အရေးယူခိုင်းမယ် ပြောတာပဲ..." လို့ ပြောပါတယ်။
အွန်လိုင်းမီဒီယာ အသီးသီးသို့ ၀င်ရောက်နေရာယူလာ သည့် ၀ါဒဖြန့် ချိရေးသမားများမှာ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုများ ကို ပြုလုပ်လာကြကြောင်း၊ ဘလော့နှင့် Facebook စာမျက်နှာများကို တွဲဖက်ပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများ၊ အပုပ်ချမှုများကို လုပ်ဆောင်လာခဲ့ကြကြောင်း ကို Eleven Media ၏ စာမျက်နှာတွင် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဖော်ပြထားခဲ့ကြောင်း သတင်းရရှိပါတယ်။
Myanmar Express
No comments:
Post a Comment