လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Saturday, May 26, 2012

Facebook ပေါ်မှာ နာမည်ကြီးအောင် ဘာတွေလုပ်မလဲ?

From : ဆင်ပေါက်




Facebook ပေါ်တွင်နာမည်ကြီးအောင် သတင်းများတင်သာမက ကိုယ်တိုင်ရေချိုး၊အိမ်သာသွားတာကိုပါတင်သော အကောင့်ပိုင်ရှင်များ




ဥသြဆွဲသံတစ်ချက်ကြားလိုက်ရသည်။ဟင်..မီးလောင်နေတာ ထင်တယ်။ FACEBOOK မှာ ဦးအောင်တင်လိုက်ဦးမှ..ဥသြသံက နောက်ထက် မကြားတော့။ နားကြားများမှားတာလား။ သေချာနားစွင့်နေလိုက်သည်။ ဖွင့်ထားသော သီချင်းကို ပိတ်ပစ်လိုက်သည်။ စိတ်ထဲမှာတော့ ဥသြသံကို တိုးတိုးလေး ကြားနေသလို။ မဖြစ်ချေဘူး။ မီးလောင်နေတယ်လို့  ကြိုရိုက်ထားဦးမှ။ တော်ကြာ သူများဦးသွားဦးမယ်။ 


ဒါမျိုး ပို့စ် တင်တဲ့သူက ခပ်များများမလား။ စာကိုကြိုရိုက်ထားလိုက်သည်။ ကာဆာကို Post ပေါ်သို့ တင်ထားပြီးပြီ။ဘာသံမှ မကြားသေး။ ဒီမီးကလည်း လောင်စရာရှိလောင်လိုက်ရောပေါ့။
လူကိုအသင့်အနေအထားပြောင်းလိုက်သည်။ အသင့်အနေအထားဆိုသည်မှာ နားကိုအစွမ်းကုန်စွင့်ထားပြီး လက်ညိုးက မောက်စ်နှိပ်ရန် အသင့် ကိုပြောခြင်းဖြစ်သည်။ စိတ်ထဲကလည်း ဆုတောင်းရသေးသည်။
မီးလောင်ပါစေ...မီးလောင်ပါစေ...
FACEBOOK ပေါ် စာတွေပုံတွေ တင်ပြီး နာမည်ကြီးအောင်လုပ်ရသည်မှာ တော်တော်မလွယ်သည့်ကိစ္စဖြစ်သည်။ထူးခြားဖြစ်စဉ်တွေကို ချောင်းနေရသည်။ ဖန်တီးရသည်။ ရှေ့တန်းရောက်ရဲဘော်လို ကင်မရာကို လယ်ဒီလုပ်ထားရသည်။လွှတ်တော်အမတ် ကောင်မလေးတစ်ယောက်နဲ့ ပခုံးဖက်ပြီးလမ်းလျှောက်တာမြင်သည်။ သူ့ တူမလေးမှန်းသိလည်း ရိုက်သည်။
စကပ်တိုနဲ့မော်ဒယ်မလေး တစ်ယောက်ထဲအေးအေးဆေးဆေး ပန်းခြံထဲမှာ ထိုင်ပြီးမုန့် စားနေသည်။ ဘယ်ချိန် အောက်စလွတ်မလဲ စောင့်ရိုက်ရသည်။
ရေကန်ဘေးရှိ ရေမကူးရ ဆိုင်းဘုတ်ကို ဖြုတ်ပစ်သည်။ ရေလာကူးကြမှ ဆိုင်းဘုတ်ပြန်ထောင်ပြီး တွဲရိုက်သည်။
ဘီယာဆိုင်တွင် ဟင်းပွဲတွေအများကြီးမှာ၊ အရက်အကောင်းစားသောက်သော သူများဝိုင်းကို ခိုးရိုက်သည်။ ပြီးမှ ခပ်တည်တည်ပြန်တင်သည်။
ပြောင်းဖူးကို ဌက်ပျောပင်ရှိ ဌက်ပျောခိုင်ကြားတွင်ချိတ်ပြီး ရပ်ကွက်ထဲက မျက်စိမှုန်သောအဖွားကြီးများကို ခေါ်ပြသည်။ ပြီးမှ လူအုပ်ဖြင့် ဂန္ဘီယဆန်းကြယ်ပုံကို ရိုက်သည်။
အပေါက်စောင့်လုံခြုံရေးကို ဖေ့ဘုတ်သတင်းထောက်ပါဟု ပြောဝင်သည်။ ပြီးမှ ကိုယ်တိုင် မီးခလုတ်တွေလိုက်ဖွင့်ပြီး ဖြုန်းတီးနေသောဌာနကြီးဟု ရိုက်သည်။
ဘုန်းကြီးကျောင်းအိမ်သာဘေးသွားပြီး အလေးစွန့် သည်။ စည်းကမ်းမရှိသော ဘုန်းကြီးများခေါင်းစဉ်ဖြင့် ရိုက်သည်။
............
............
............
ချောင်းရိုက်တာလူမိသွားလျှင် ရူးချင်ယောင်ဆောင်ရသည်။ ဖန်တီးထားသောခွင်ပျက်လျှင် အားကြီးစိတ်ဆိုးသည်။ အကြံတူလျှင် ရန်သူသတ်မှတ်သည်။သတင်းပေးလျှင် အထူးကျေးဇူးတင်သည်။ ၁၉၉ နဲ့ပါတနာဖွဲ့ လျှင် ကောင်းမလားစဉ်းစားနေသည်။
အရေးကြီးတာ FACEBOOK တွင် နာမည်ကြီးဖို့ ဖြစ်သည်။


Myanmar Express

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...