
တစ်ယောက်ကို တစ်ယောက် ကူညီနေရင် သိပ်ကောင်းမှာဘဲ
အားငယ်တဲ့လူတွေကို ပစ်မထားပါနဲ့...
နားလည်ပေးပါ...
လောကဒဏ်ရဲ့ အလယ်တွေမှာ လှုပ်ရှားနေခဲ့
ပိုက်ဆံဘဲ အလူးအလဲရှာနေရင်းနဲ့...
တစ်စိမ်းတစ်ယောက်ကို ခလုတ်တိုက်ခြင်ခဲ့
အားလုံး လက်မြှောက်ရတယ် ဒီကမ္ဘာမှာ ငွေနဲ့
ဆုံးရှုံးမှူများစွာအတွက် အရေးပါနေလာကွယ်..
အားလုံး လက်မြှောက်ရတယ် ဒီကမ္ဘာမှာ ငွေနဲ့
အရာရာအနိုင်ယူဖို့ အရေးပါနေသလားကွယ်...( ပြောပါ.)ငွေ....ငွေ....ငွေ...
သုံးနိုင်တဲ့ လူတွေမှာ ဂုဏ်မြှင့်နေခဲ့
ဆက်ဆံရေးတွေမှာ ကွာခြားနေဆဲ
ဘာအတွက်လည်း။။။။
မသုံးနိုင်တဲ့ လူတွေမှာ ဂုဏ်နိမ့်နေခဲ့
ထိုးလိုက်စမ်း လက်ညှိုးပေါင်းများစွာနဲ့
ဘာအတွက်လည်း ... ဘာကြောင့်လည်း...
အားလုံး လက်မြှောက်ရတယ် ဒီကမ္ဘာမှာ ငွေနဲ့
ဆုံးရှုံးမှူများစွာအတွက် အရေးပါနေလာကွယ်..
အားလုံး လက်မြှောက်ရတယ် ဒီကမ္ဘာမှာ ငွေနဲ့
အရာရာအနိုင်ယူဖို့ အရေးပါနေသလားကွယ်...( ပြောပါ.)ငွေ....ငွေ....ငွေ...
*****************************************************
ယနေ့ တိုက်ဆိုင်မှု တစ်ခုကြောင့် ကျွန်တော် သီချင်းအတွက် ရေးသားထားတဲ့ .. ငွေ ဆိုတဲ့.. သီချင်းစာသားကို ရေးသားတင်ပြလိုက်ခြင်းဖြစ်ပါတယ်...
ကျွန်တော့်အရေး ကျွန်တော့်အတွေးကို ဖတ်ရှု့ကြသော သူငယ်ချင်းများကို အထူးကျေးဇူးတင်လျက် (လမင်း) 9.6.2012/ (09:52)AM
No comments:
Post a Comment