သုညကနေစ .. ကိုး ..ထိ ဂဏန်းတွေကို
မေ့မရအောင်.. ချရေးကာ
တစ်ပတ် တစ်ပတ်နဲ့... Calendar ပြည့်နေပီ
ဟေ့.... ဘော်တာ သူငယ်ချင်းတို့...
ဘာတစ်လုံးကောင်းလည်း.. ထိပ်စည်း နောက်ပိတ်..
မေးရ မေးရတာ... မကြိုက်သေးသောကြောင့်
ပေါက်ဂဏန်းရဖို့.. .တွက်ရ .. ချက်ရ..ပြန်ပြီခင်ဗျာ..
အတွက် အချက်တွေကို တကယ်တော်တဲ့...လူတွေဘဲ..
သချာင်္ ပါမောက္ခလားလို့တောင် ပြောလို့ရတယ်...
တစ်ရက် တစ်ရက် ထွက်တဲ့ ... ဂဏန်းတွေကို ..
တစ်ပတ် . တစ်ပတ်နဲ့... တစ်လလုံးစာ အလွတ်ဆိုခိုင်းရင်တောင်...
easy ... question .. ဖြေရသလိုဘဲ..
အိတ်သာဖောင်းခြင်ဖောင်း... ပိန်ခြင်ပိန်...
အိမ်ထောင်ရေးမှာ မိန်းမနဲ့ယောက်ျား စကား ... စကားတွေ များတာကိုလည်း
တွေ့ရ ကြုံရ.. နဲ့...
ထိုးတဲ့ ဂဏန်း ပေါက်တော့လည်း..
မိန်းမနဲ့ ယောက်ျား .. အပြန်အလှန် သာသာယာယာလေသံနဲ့..
မောင် ပြောတဲ့ ဂဏန်းက မှန်တယ်နော်...
မိန်းမရေ.. မင်းပြောတာ မှန်တယ်ကွနဲ့..
ပျော်စရာ ကမ္ဘာလိုဘဲ...
တွက်ကာ ..တွက်ကာ... ချက်နေကြတာ.. ချက်နေကြတာ..
မှတ်ချက် /// ကျွန်တော့်အတွေး ကျွန်တော့်အရေးကြောင့် မည်သူကိုမှမဆို... မပြောလို...လေးစားလျက် (လမင်း)
No comments:
Post a Comment