လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Friday, August 3, 2012

♠ ပီတိတွေ အရည်ပျော်တဲ့ည ♠

တစ်နေတာရဲ့ မှေးစက်ချိန်တွေမှာ
မင်းအပြုံးတွေနဲ့
ငါ့ညတွေ အသက်သွင်း
ဒီ အချစ်တွေ ခင်းကျင်းထားလိုက်မယ်


မင်းရဲ့ လှုပ်ရှားမှုတွေကတော့
ငါ့ညရဲ့ သံစဉ်တွေမှာ
Rhythm ကျကျ ယိမ်းနွဲ့လို့
ငါ့ညတွေတောင် ရောင်နီသန်းစေခဲ့ပေါ့


ငါ့ စိတ်အာရုံတွေတောင်
မင်းသနပ်ခါးနံ့တွေ
လွှမ်းမိုးတတ်လွန်းလို့
အလွမ်းတွေပြည့်နေတဲ့ .. ဒီအခန်း
သနပ်ခါးနံ့တွေ ထုံမွှန်းနေခဲ့ပေါ့


အို ဒို့နှစ်ယောက်
ဘာတွေနဲ့ ဘယ်လိုဘဲ ယိုင်နဲ့ယိုင်နဲ့
နောက်ဆုံးတော့လည်း
ဒီပီတိတွေ အရည်ပျော်
ညတွေကို ခွန်အားပြုလို့
ငါကမ်းတဲ့လက် မင်းလှမ်းချိန်ထိစောင့်မယ် .. ။

တစ်ထောင့်တစ်နေရာက (လမင်း) 3/8/2012

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...