လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Saturday, January 12, 2013

( တောင်းစုတစ်ခု)

(အူဝဲ) ဆိုပြီး
လူ့လောက ရောက်မှ
အဖေ ၊ အမေ ဟုသည် မည်သူမည်ဝါမှန်းမသိ
နွေးထွေးမှုဆိုတာ
သူများတွေရဲ့ လက်ပေါ်မှာတင် ကြီးပြင်းခဲ့တယ် .. .။

ကိုယ်နှင့် နည်းတူ ဘယ်သူဘယ်ဝါမှန်းမသိ
ပခုံးဖက် ပေါင်းသင်းလာတဲ့ သူငယ်ချင်းများအပေါ်
ရင်းတွင်း ခံစားမှုကို ကိုယ်ချင်းစာနာမိတယ်... ။

အနာဂတ်ရဲ့ လမ်းတွေအပေါ်
သာယာလှပလာစေဖို့
ပန်းကလေးတွေ မညှိုနွမ်းအောင်
အမြဲတမ်း ပွင့်လန်းအောင်
ဂရုဏစိတ်နှင့် ရင်သား ကျောသားမခွဲ
ကူညီ ထောက်ပံ့ပေးကြသော (ပရဟိတ) အသင်းအဖွဲ့များနှင့်
ဆရာ ၊ ဆရာမ များ ဆရာတော်ကြီးများ
ပြောမပြတတ်အောင် ရင်ထဲဝယ်...........။


ငယ်ရွယ်စာသင်ချိန်တိုင်း ...
ကြားနားခဲ့တဲ့ (ပန်းကလေးများ ပွင့်တော့မည် ဖူးတန်ဝင်းလို့ချီ နေခြည်မှာ ရွှေ၇ည်လောင်း ငါတို့စာသင်ကျောင်း)

အမိနှင့် အဖကို မျှော်ကာ သိခွင့်ရချင်ပင်မဲ့
ဘယ်အချိန်မှာ တွေ့ခွင့်ရမယ်ဆိုတာမသိလို့
အချိန်ကုန်ခံကာ မတောင်းတချင်တော့ပါဘူး ....

သတ္တ၀ါတစ်ခု ကံတစ်ခုဆိုတဲ့အတိုင်း
လက်ရှိ လူ့ဘုံမှာ ရှင်သန်နေထိုင်သေးရင်တော့
အဝေးတစ်နေရာကနေ ကန်တော့လိုက်ပါတယ်

ရှေ့ဆက်မဲ့ အချိန်ကာလတွေ အတွက်
အားသစ်မွေးဖွားရင်း ...
အနာဂတ်မှာ ပန်းလေးတွေ
ပွင့်လန်းဖို့ ကြိုးစားရင်း .....
နောက်ဘ၀တည်းဟုသော် အရပ်တွင်
အမိ / အဖ နှင့် အတူ ဘ၀ကြမ်းတမ်းတဲ့ လမ်းတွေဖြစ်သော်လည်း ..
ရှင်သန်နေထိုင်ရပါစေသား......ဟု
တောင်းစု တစ်ခု ပြုလိုက်ပါသည်... ။

2013 ခုနှစ် ဇန်န၀ါရီလ ၊ (၁၂)ရက်
မူပိုင် (လမင်း ) http://nllamin.blogspot.com/http://nllamin.blogspot.com/

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...