
အနမ်းပန်းတစ်ပွင့် ပေးပါလားကွယ်..
ပြီးတော့ အနမ်းပွင့်လေးတွေ ပွားကြပါစို့ .. ။
ဟော......... တစ်ပွင့်ကနေ အပွင့်နှစ်ဆယ်ဖြစ်
အဲ့ဒီနောက် ရာပေါင်းများစွာသော အပွင့်များနဲ့ ပေါင်း..။
အဲ့ဒီလို ကလူကျီစယ်ကြတဲ့ သာယာကြည်နူးချိန်လေး တွေဟာ
ဆားငန်ရည်လို မက်မပြေနိုင်ပါဘူးကွယ်.. .။
ဒါပေမယ့် ဒီ့ထက်ပိုပြီး တောင့်တမိတဲ့
အချိန်လေးတွေ ရှိသေးတယ်..
ပြောလည်း ပြောပြချင်တယ်..
ရှက်လည်း ရှက်တယ်.. ။
မှေးစက်ရာဝင်မှ နှစ်ကိုယ်ကြား
ပြောတော့မယ်ကွယ်..နော်.. ။
တစ်ထောင့်တစ်နေရာက (လမင်း)
http://www.nllamin.blogspot.com
No comments:
Post a Comment