လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Saturday, February 2, 2013

*♥* ချစ်ပါတယ် ဟုတ်ပါတယ် *♥*











 
တောင်းတခဲ့တဲ့ အချစ်တွေနဲ့
ဝေးလွင့်နေခဲ့တာ ထင်ထားသလောက်
သက်ရောက်မှု့ အားတွေလျော့နေတယ် ...။

ဒါကို အဘက်ဘက်ကနေ စဉ်းစားပြီး
ဖြည့်တင်းခဲ့တာတောင် ...
ငါလိုချင်တဲ့ အချစ်စစ်ဆိုတာ
ငါကိုယ်တိုင် မကြုံဘူးဘူး


ခက်ပါတယ် ခေတ်ရယ်
ယုံကြည်ချက်တွေ နည်းပါးတဲ့
ပတ်ဝန်းကျင် ကမ္ဘာမှာ ငါလဲလူသား
မင်းလဲ လူသား ဖြစ်ခဲ့လို့ ...
ညီမျှခြင်းဆိုတဲ့ အချိုးကို ဘယ်လိုမှ
နှိုင်းယှဉ်ထားလို့မရတာ မင်းလည်း အပြစ်လား .. ငါဘဲ အပြစ်တွေဖြစ်နေလား..။

ချစ်ပါတယ်ဆိုတဲ့ စကားတစ်ခွန်းနဲ့
မင်းနဲ့ ငါ့ ဆိုတဲ့ ဘ၀တစ်ခုတည်တန့်နေဖို့ဆိုတာ
ဟိုတုန်းက ခေတ်အယူအဆလို ပြောရမလား ..
ချစ်ပါတယ်ဆိုပြီး.. မင်းနဲ့ ငါ ပြေလည်နိင်မယ်လို့ မင်းထင်လား
မပြည်စုံတဲ့ ဘ၀မှာ မင်းကိုလည်း မထားချင်သလို
ငါဆိုတဲ့ ကောင်လည်း မလာချင်ပါဘူး ..။

ပြောကြတယ် .. အချစ်ဆိုတာ နှစ်ဦးနှစ်ဖက်
အဆင်ပြေရင် ဘ၀ကို ဖြတ်ကျော်ဖို့အတွက် အသင့်ဘဲတဲ့
ယခုတော့ ဒါတွေက ဇာတ်ကားတွေပါ.. သို့မဟုတ် စာအုပ်တွေပါ.. .။

မင်းနဲ့ ငါ နားလည်မှုရှိတာထက်
မင်းနဲ့ ငါ အတူ တည်ဆောက်မဲ့
ကမ္ဘာလေး အဆင်ပြေဖို့က အရေးကြီးတယ်... ။

တွေးပီးကြည့်ရင် မပြည့်စုံတဲ့ မင်းနဲ့ ငါ့ကမ္ဘာမှာ
ဘယ်လောက်တောင် လိုအပ်ချက်တွေရှိနေမလဲ
ပြေးကြည့်စရာမလိုပါဘူး ချစ်သူ...
တွေးကြည့်ယုံနဲ့ လုံလောက်ပါတယ်.. .။

ချစ်ပါတယ်ဆိုတဲ့ စကားနဲ့ ငါတို့အနာဂတ်ကို
ပြေလည်မယ် မင်းထင်နေလား ..
ငါ..ရော ထင်ပါ့မလား
ဒီထက်ကောင်းတဲ့ လိုအပ်ချက်မရှိ
ကမ္ဘာထဲ မင်းကိုလက်ဆွဲပြီး
ပို့ထားချင်တာပေါ့ ..ချစ်သူ ... မင်းကို ငါမုန်းလို့မဟုတ်ပါဘူး
တကယ်ဆို မင်းကို ငါချစ်နေခဲ့လို့ပါ...

ဒါကြောင့် မပြည့်စုံတဲ့ ငါတို့နှစ်ယောက်
ကြုံလာသမျှကို အချစ်တစ်ခုတည်းနဲ့ ဖြတ်ကျော်မယ်ဆိုရင်..
ထမင်း .... ငတ် မှာ အသေချာ.. ဒီခေတ်အခါ...


ကျွန်တော့်အတွေး ကျွန်တော့်အရေးနဲ့ ဖတ်ရှု့ကြသော သူငယ်ချင်းများ အထူးကျေးဇူးတင်လျက်


တစ်ထောင့်တစ်နေရာက (လမင်း) http://www.nllamin.blogspot.com
2/1/2013

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...