လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Friday, February 1, 2013

မိမိဘ၀ကိုချစ်ရင် အချိန်တွေကိုချစ်ပါ



ဘ၀ စက်ဝိုင်းကြီးပေါ်မှာ
အချိန်ဆိုတဲ့ နာရီလက်တံတွေဟာ
တောက်....တောက်... တောက်နဲ့
အမြဲတမ်း ပုံမှန်လည်ပတ်နေတယ်..

ဝင်လေ ထွက်လေ နှင့်အမျှ
အချိန်တွေပေါ်မှာ အမှီပြုရင်း
နေ့တွေ ညတွေဟာ
တစ်ရက်ပြီး တစ်ရက် အလှည့်ကျ ပြောင်းလဲနေတယ်.. ။

အစရှိရင် ဆုံးရှိတယ်
အသွားရှိရင် အပြန်ရှိတယ်
အစိုးနှင့် အကောင်း ယှဉ်တွဲထားသလို ..
မီမီဘ၀ကို ချစ်ရင်
နာရီပေါ်က ပုံမှန်လည်ပတ်နေတဲ့ .. လက်တံလေးတွေကို
မြတ်နိုးထားရမယ် .. ။


အသက်ဆိုတာ အချိန်ပေါ်မှာပဲ
ရှေ့ဆက် ကြီးပြင်းလာတာ..
နည်းနည်းကြီးလာလျှင်
နည်းနည်း အားစိုက်လာရလေပဲ..
ပိုပြီးကြီးလားလျှင်
ပိုပြီး ဆင်ခြင် အားထုတ်ရလေပဲ ..။

နေချင်သလို နေ
စားချင်သလို စား
သွားချင်သလို သွား နေမယ်ဆို
ဘ၀ အနာဂတ်က မှောင်နေအုန်းမယ်

ယောင်ခြောက်ဆယ် ဘ၀နဲ့ နေထိုင်အုန်းမယ်ဆို
အသက်အရွယ်ရမှ (န) ဆိုတဲ့
နောင်တကြီးကလဲ  လှောင်နေလိမ့်ဦးမယ်...။

လေးစားလျက် (လမင်း)့ http://www.nllamin.blogspot.com
1/1/13

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...