လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Friday, February 1, 2013

Blogger ပီတိ



ရိုးရိုးသားသား ကိုးကားသမျှ
ပြန်လည်ကာ မျှဝေတာ
Blogger သမားတွေမှာ
ကိုယ်တိုင်လည်း လေ့လာဖတ်ရှု့ သလို
ဖတ်ရှုသမျှ ပို့စ် ကောင်းတွေကိုလည်း
ဝါသနာတူ အရင်းပြုလို့
ပေးဝေမျှရင်း ... ပြန်စာတွေလည်း ရေးကြပါတယ်..
(အားပေးခဲ့တယ်) ပေါ့

မျှော်ကာမထားပေမဲ့
ပြန်စာလေးတွေအပေါ်မှာ
ပြန်လည်ကာ ရေးရင်.. .
ကျေနပ်မှုနှင့်အတူ
ပီတိသောတ ဘ၀င်ကျ၍ ...။



ကြုံကာဘ၀မှာ ဖြစ်ပျက်သမျှ အခြေခံကာ ...
ကိုယ်ပိုင် ပို့စ်တွေလည်း ရေးကာတင်

ပုထုဇဉ် လူသားမို့ အချစ်ကမကင်း
ငယ်ရွက်သေးတော့ မျှော်ကာလွမ်းရတဲ့  သူဖို့ ...
ရင်တွင်းကဗျာ ခံစား လွမ်းတတ်သမျှ ရေးကာတင်ရသော်လဲ

တစ်ခါတစ်ခါ ကွန်မန်နေရာက
ဟုတ်ပါသလား .. ဟုတ်ရဲ့လား (ဟီး ... ဟီး.. .ဆိုတဲ့ )
ရယ်စကား ပြောင်နောက်စာသားလေးတွေနဲ့ ..
Feel ကလည်း တတ်ပါသေးတယ်ဗျ... ။

မှန်ကာသမျှ Blogger သမားတစ်ယောက်အနေ
ပြောရရင်ဖြင့်  (စာအုပ် ၊ စာပေ လူ့မိတ်ဆွေဆိုသလို )
ကိုးကားသမျှ Copy / Pates လုပ်ရင်း ....
ဆထက်ထမ်းဖိုး မိတ်ဆွေတိုး ... လို့ ... ။

အားပေးဖတ်ရှု့ စာပေချစ်သူတို့
ပြုံးပန်းအတူ ၀ါသနာတူလို့
သူတို့ပေးသမျှ ကွန်မန်လေးတွေကိုပဲ
Blogger သမားတွေ စားသုံးရင်း.......

အမှတ်ချက် ။  ။ စာပေချစ်သော သူငယ်ချင်းတို့ရေ ရေးသမျှအကြောင်းလေးတွေ တင်သမျှ ပို့စ်လေးတွေကြား
ကိုးကားသမျှတွေနဲ့ ကိုယ်တိုင်ရေးသားစာတွေလည်း Blogger သမားတွေ ရိုးရိုးသားသား မျှဝေပေးကြပါတယ်.. ။

Blogger သမားတွေ အားလုံးလည်း ကျွန်တော်နှင့်အတူ ထပ်တူထပ်မျှရှိမယ်လို့ ယုံကြည်ပါတယ်
ပို့စ်တင်ပေးသော Blogger သမားတွေအတွက် ... ပြန်စာလေးတွေဟာ အားဆေးပါလို့ ပြောပြရင်း ... ။

ကျွန်တော့်အတွေး ကျွန်တော့်အရေးနှင့် မပြည့်စုံသေးသော်လည်း (တတ်သည့်ပညာ မနေသာဆိုသလို).....။



လေးစားလျက် (လမင်း) http://www.nllamin.blogspot.com



No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...