
အိမ်မက်ဆိုတာလည်း မက်ခွင့်တောင်မရပါဘူး ..
အလွမ်းဒဏ်တွေ ဖုံးလွှမ်းနေတဲ့
ငါ့ကမ္ဘာငယ်ဟာ .. ပိုပြီး မှောင်မိုက်ပါတယ်...
သွေးသားတွေ လည်ပတ်နေတဲ့
စီးမျှောခြင်း လမ်းကြောင်းမှာ
သစ်ရွက်တွေ မြေမှာခပီး
ကြွေသူ နှလုံးသားအောက်မှာ
ပုန်းခိုနေတဲ့ မင်းပုံရိပ်ဟာ
ငါ့အတွက် ပူလောင်မှုနဲ့အတူ
နာကျင်စေခဲ့မိပါတယ်... ။
မရပ်တန့်နိုင်တဲ့ ငါ့ နှလုံးခုန်သံဟာ
ရှင်လျက်နှင့် ပူလောင်အိုက်စက်ခြင်းကို ခံစားနေရတယ်.... ။
သွေးသားမရှိတဲ့ စက်ရုပ်ကို
သံယောဇဉ်ဆိုတဲ့ အမူအကျင့်တွေ
ကူးစက်ခံလိုက်ရပီး ...
မဖြစ်နိုင်မှန်းသိလျှက်နှင့် မြတ်နိုးသူကို
ကာကွယ်စောင့်ရှောက်နေတာ ... သူ့ကို ပြုံးပျော်ရွှင်စေချင်လို့ပါ.... ။
ပိုင်ဆိုင်မှု့ဆိုတာ အစထည်းက ..
အနိုင်အရှုံး မတွက်ထားတော့
စွန့်လွှတ်ရမယ်ဆိုလည်း .... ရဲရဲကြီးပေးဆပ်နိုင်မှာပါ... ။
တစ်ပါးသော ရင်ခွင်ဟာ ...
ငါ့ ရင်ခွင်ထက် ပိုပြီး လုံခြုံမှုရှိမယ်ဆိုရင် .....
မင်း... လိမ္မ်ာအောင်သာနေပါ.....
မင်း... လိမ္မ်ာအောင်သာနေပါ..... ။
မင်း... လိမ္မ်ာအောင်သာနေပါ..... .။
(ရင်တွင်းဖြစ် ) အန်လ်အယ်အေ 6/5/2013
www.nllamin.blogspot.com
No comments:
Post a Comment