လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Monday, May 6, 2013

ဂုဏ်ယူပါတယ်။

ဂုဏ်ယူပါတယ်။
ဒီနေ့ ထူးထူးခြားခြား ကုသိုလ်ရတဲ့နေ့လေးပါ ပျော်ရွှင်ကျေနပ်မိတဲ့  နေ့ကလေးပါ  အမျိုးသားက Treasure  Hotel ရှေ့ ကပိုက်ဆံအိတ်တစ်အိတ် ကောက်တွေ့ ခဲ့ပါတယ် အထဲမှာ မြန်မာငွေနဲ့တွက်ရင် သိန်းသုံးဆယ်လောက်ရှိမယ့် နိုင်ငံခြားငွေတွေနဲ့အတူ Master card, student card, အရေးကြီးတဲ့ ကဒ်တော်တော်များများပါပါတယ်  ပိုက်ဆံအိတ်ကိုဖွင့်ကြည့်တာက ပိုင်ရှင်ကိုပြန်ပေးချင်လို့ပါ အထဲက ကဒ်ကိုကြည့်မှ Italy နိုင်ငံသား  Mr.Carlo လို့သိရပါတယ် ဘယ်မှာတည်းမှန်းမသိတာမို့ ပထမဆုံး Treasure Hotel ကစလို့ တစ်ခုပြီးတစ်ခုဖုန်းဆက်ပြီးမေးရပါတယ် နောက်ဆုံးမှာတော့ Central Hotel က ဧည့်သည်က သူ့ပိုက်ဆံအိတ်ကို အပူတပြင်းလိုက်ရှာနေကြောင်းသိရတဲ့အတွက် ဝမ်းမြောက်စွာနဲ့ ပြန်လည်ပေးအပ်လိုက်ရပါတယ် အဲဒီဧည့်သည်က ကျေးဇူးတင်လွန်းလို့ ခေါင်းနဲ့မြေကြီးထိလုမတတ် အခါခါ ဦးညွတ်သွားပါတယ် ပိုက်ဆံဆိုတာထက် ရိုးသားမှုဂုဏ်ကိုပဲ ကျွန်မတို့လိုချင်ပါတယ်  ဧည့်သည် စိတ်ဆင်းရဲနေမှာကို ကျွန်မတို့ပိုပူပါတယ် မှန်သောစကားကြောင့် ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာရပါစေ

(ဖေ့ဘုတ်စ်မှ တစ်ဆင့် ပြန်လည် ဖော်ပြလိုက်ပါတယ်.. )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...