လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Friday, February 13, 2015

ဆောက်တည်ရာ

။ ဆောက်တည်ရာ ။

။ ဆောက်တည်ရာ ။

ငြိမ်သက်အေးချမ်းသော ကာလဟုသည်မှာ 
ပြဇာတ်တစ်ခုတွင် အခန်းတစ်ခုမှ တစ်ခုသို့ 
ကူးပြောင်းသည့် ကာလအပိုင်းအခြားကလေး
ကဲ့သို့သာဖြစ်သည် 

လူသည် အလိုမပြည့်ခြင်းများ
ငြီးငွေ့စိတ်ပျက်ခြင်းများနှင့်လည်း 
တိုက်ခိုက်နေရသူဖြစ်၍ 
လူအချင်းချင်းနှင့်လည်း 
ယှဉ်ပြိုင်တိုက်ခိုက်နေရသူဖြစ်သည် 

ထိုသို့သော တဏှာလောဘစိတ်တွေကို 
အဆုံးသတ် ပယ်ပျက်နိုင်လျှင် 

လူကို ရှုထောင့် တစ်မျိုးကကြည့်ပါက 
လူသည် သဘာဝ၏ ဖန်ဆင်းပေးမှုများအနက် 
အသပ်ရပ်ဆုံး အလှပဆုံးနှင့် အဆင့်အတန်း
အရည်အသွေး အမြင့်ဆုံး သတ္တဝါဖြစ်သည် 

အဆင့်မြင့်သည့် ဦးနှောက်ဆဲလ် အဖွဲ့အစည်း 
ရှိသောကြောင့် အသိဥာဏ်အရာ၌ 
သတ္တလောကတွင် ထိပ်တန်းကျသော သတ္တဝါဖြစ်သည် ။ 

မှတ်ချက် ။ ။ တဏှာလောဘ ဒေါသ စိတ်များ အဆုံးမသတ်နိုင်လျှင် သတ္တလောက၌ ထိပ်တန်းကျ 
ကြောက်စရာအကောင်းဆုံး သတ္တဝါဖြစ်သည်။

( ThaZa Bla )

ငြိမ်သက်အေးချမ်းသော ကာလဟုသည်မှာ
ပြဇာတ်တစ်ခုတွင် အခန်းတစ်ခုမှ တစ်ခုသို့
ကူးပြောင်းသည့် ကာလအပိုင်းအခြားကလေး
ကဲ့သို့သာဖြစ်သည်

လူသည် အလိုမပြည့်ခြင်းများ
ငြီးငွေ့စိတ်ပျက်ခြင်းများနှင့်လည်း
တိုက်ခိုက်နေရသူဖြစ်၍
လူအချင်းချင်းနှင့်လည်း
ယှဉ်ပြိုင်တိုက်ခိုက်နေရသူဖြစ်သည်
ထိုသို့သော တဏှာလောဘစိတ်တွေကို
အဆုံးသတ် ပယ်ပျက်နိုင်လျှင်


လူကို ရှုထောင့် တစ်မျိုးကကြည့်ပါက
လူသည် သဘာဝ၏ ဖန်ဆင်းပေးမှုများအနက်
အသပ်ရပ်ဆုံး အလှပဆုံးနှင့် အဆင့်အတန်း
အရည်အသွေး အမြင့်ဆုံး သတ္တဝါဖြစ်သည်
အဆင့်မြင့်သည့် ဦးနှောက်ဆဲလ် အဖွဲ့အစည်း
ရှိသောကြောင့် အသိဥာဏ်အရာ၌
သတ္တလောကတွင် ထိပ်တန်းကျသော သတ္တဝါဖြစ်သည် ။

မှတ်ချက် ။ ။ တဏှာလောဘ ဒေါသ စိတ်များ အဆုံးမသတ်နိုင်လျှင် သတ္တလောက၌ ထိပ်တန်းကျ
ကြောက်စရာအကောင်းဆုံး သတ္တဝါဖြစ်သည်။
( ThaZa Bla )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...