လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Friday, February 13, 2015

မင်းသားသုံးပါး နဲ့  ပညာရှိအဖိုးအို

မင်းသားသုံးပါး နဲ့  ပညာရှိအဖိုးအို
xxxxxxxxxxxxxxxxxxxxxxxxxxxx
တစ်ခါတုန်းက တိုင်းပြည်တစ်ပြည်မှာ ဘုရင်ကြီးတစ်ပါး အုပ်ချုပ်နေသတဲ့။
သူ့ မှာ ဆိုးပေတဲ့ သားတော် သုံးပါလည်း ရှိပါသတဲ့။
ဘုရင်ကြီးက အသက်ကလည်း အိုမင်းလာတော့ သူ့ နေရာ ဆက်ခံမယ့် သားတော်ကို သေချာ ရွေးချယ်မှ ဖြစ်မယ်လို့ တွေးနေပါတယ်။


တစ်နေ့ တော့ ဘုရင်ကြီးဟာ သားတော် သုံးပါးကို ပညာရှိ အဖိုးအိုထံ ဆုံးမစေခြင်း အလိုငှာ စေလွှတ်လိုက်သတဲ့။ မင်းသား သုံးပါး လည်း ဖခင်ကြီးရဲ့ စကားကို မလွန်ဆန် ၀ံ့တာနဲ့  ပညာရှိ အဖိုးအိုထံ ခရီး နင်ခဲ့ကြတယ်။ ဒီလိုနဲ့ အဖိုးအို နေထိုင်တဲ့ ရွာလေးကို ရောက်လာခဲ့တယ်။


အဖိုးအိုလည်း မင်းသား သုံးပါး ရောက်လာတဲ့ အကြောင်းကို ကြိုသိထား ပါတယ်။ ဒါကြောင့် မင်းသား သုံးပါးကို ရွာ အနီးက တောအုပ်ထဲကို ခေါ်သွားပြီ အရွယ်အစား တူညီတဲ့ သစ်ပင်ကြီး သုံးပင်ကို တစ်
ယောက် တစ်ပင်ကျ ခုတ်လှဲခိုင်း သတဲ့။

သစ်ပင်သုံးပင်ဟာ ရွာမှာ တံတားဆောက်ဖို့ အတွက် ဖြစ်ကြောင်းလည်း ပြောပြထားပါတယ်။ မင်းသားသုံးပါးလည်း သူများတွေ အ တွက်လုပ်တာပဲ ငါတို့ က ဘာလို့ လုပ်ပေးရမလည်း ကိုယ့်အတွက် အကျိုးမှ မရှိပဲလို့  တွေးပြီး မခုတ်ပဲ ထိုင်နေကြတာပေါ့။

ဒါနဲ့ အဖိုးအိုလည်း မင်းသားသုံးပါးကို ထပ်ပြောလိုက်ပါတယ်။

" မင်းသားတို့ ..တကယ်တော့ သင်တို့ ဖခင်က မှာလိုက်တယ်...ဒီသစ်ပင် သုံးပင်ထဲက တစ်ပင်ကို အရင်လှဲ နိုင်တဲ့ သူကသာ ဘုရင် အရာကို ဆက်ခံရမည့် သူဖြစ်တယ်လို့  ငါ့အား ပြောထားပြီ..ဒါကြောင့် အသင်တို့  မြန်စွာ ခုတ်ပါတော့"
" အဖိုးအို ..အသင်ပြောတဲ့ အတိုင်း ဟုတ်မှန်သည်ဆိုပါက ငါတို့ ခုပဲ ပြတ်အောင် ခုတ်အံ့..."
" မှန်ပါတယ် အသင်မင်းသားတို့ ..မြန်စွာ ခုတ်ကြလော့ "
မင်းသား သုံးပါးလည်း သူ့ ထက်ငါ အပြိုင် သစ်ပင်ကို ခုတ်ကြတာပေါ့။

ဘုရင် ဖြစ်မှာဆိုတော့ အားကုန် သုံးပြီး ခုတ်ကြပြီလေ။ တစ်ချိန် တည်းမှာပဲ သစ်ပင်သုံးပင်သာ အတူတူ မြေပေါ်ကိုမြန်စွာ လဲကျသွားပါတော့တယ်။ ဒီတော့မှ အဖိုးအိုဟာ မင်းသားတွေကို ဆုံးမ စကား
ပြောပါတယ်။

" မင်းသားတို့ ..သင်တို့ ဟာ တိုင်းပြည်ရဲ့ ဘုရင်အရာကို ဆက်ခံမယ့် သူတွေ ဖြစ်တယ်.. ဘုရင်တစ်ပါးဟာ ကိုယ်ကျိုးထက် တိုင်းသူ ပြည်သား အကျိုးကို ရှေးရှူ့ လုပ်ဆောင်ကြရမယ်..ဒီသစ်ပင်တွေဟာ တိုင်းသူပြည်သားတွေ ခရီးသွားရတာ လွယ်ကူအောင် တံတား ထိုးဖို့ ဖြစ်တယ်.. သင်မင်းသားတို့ ဟာ တိုင်သူပြည်သားတို့ အကျိုးကို မငှဲ့ ပဲ..ကိုယ့် အကျိုးအတွက်သာ လုပ်ဆောင်ကြတယ်..

.ဒီစိတ် ဓာတ်နဲ့  ဘုရင်မဖြစ်နိုင်ပါဘူး...ဘုရင်ဖြစ်မဲ့သူဟာ ပြည်သူတွေရဲ့ အကျိုးကို လိုလားတဲ့သူပဲ ဖြစ်တယ်..ဒါကြောင့် တိုင်းပြည် အုပ်ချုပ်
မင်းလုပ်ဖို့ .. သင်တို့ ရဲ့ ကိုယ်ကျိုးစိတ်တွေ ဖယ်မှ ဖြစ်နိုင်မယ် "

" အဖိုးအို..ဒါဆို ငါတို့ တွေ..ဘာလုပ်ရမလဲဆိုတာ ပြောပေးပါ.."
" ဘုရင်ကြီးဆီကို ပြန်ရောက်တာနဲ့  တိုင်းပြည်အကျိုးတွေကို ၀ိုင်းဝန်းလုပ်ဆောင်ပါတော့....
 ပြည်သူတွေရဲ့ အကျိုးကို လိုလားကြပါ.. သင်တို့ ကို ဘုရင် နေရာ တည်တံ့စေတာ..ငါလည်း မဟုတ်ဘူး..သင်တို့ ဖခင်လည်း မဟုတ်ဘူး..ပြည်သူ၊ပြည်သားတွေသာ ဖြစ်ပါတယ်..
သူတို့ အကျိုးကို လိုလားပြီး ..တိုင်းပြည် စည်ပင်ဝပြောအောင် ပြန်၍ လုပ်ကိုင်ကြပါတော့.."

မင်းသားသုံးပါးလည်း အဖိုးအိုရဲ့ စကားကို နားလည် သဘောပေါက်သွားကြပါတယ်။ ဒီလိုနဲ့ မင်းသား သုံးယောက်လည်း မြင်းကိုယ်စီ စီးပြီး အဖိုးအိုကို နှုတ်ဆက်ခါ ဖခင်ကြီးဆီကို ပြန်လာပါတော့တယ်။
ထီးနန်းကို ပြန်ရောက် ကတည်းက အရင်မတူပဲ ပြည်သူတွေ အတွက် အလုပ်တွေကို လုပ်နေကြသော သားတော်တွေကို ကြည့်ပြီး ဘုရင်ကြီးဟာ ပီတိတွေ ဖြစ်နေတာပေါ့။

သားတော်သုံးပါးဟာ အနာဂါတ် တိုင်းပြည်အတွက် အဖိုးတန်တဲ့ မင်းကောင်းတွေ ဖြစ်
လာတော့မယ်လို့ လည်း တွေးမိလိုက်ပါတော့တယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...