♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)
Related Post
Menu
- ချက်တတ်ပြုတ်တတ်တဲ့ ကိုယ်ကိုတွေကို ပျိုပျိုမေတွေ အမှတ်ပေးတာ ဟုတ်သလား
- အခုတော့ ဦးရဲ ပြောပြီးပေါ့.. ကိုယ့်အပြစ်နဲ့.. ကိုယ် (လမင်း)
- Heart ♥ ထိတယ်
- အဖြစ်မှမရှိတဲ့.. ငါ
- အများကြီးမလိုအပ်သောငွေနှင့် အများကြီးလိုအပ်သော မိတ်ဆွေ
- အနာဂတ်ကောင်းကင်ကြီးဘယ်တော့ တောက်ပမည်နည်း..?
- ပင်ပန်းပါစေ
- အမှောင်ထဲက ကျွန်တော်
- ဘာမှ မပြောင်းလဲပါ ဒီတိုင်းပဲ...
- လူတွေလိုအပ်တဲ့ လူတစ်ယောက်မဖြစ်ရင်တောင် လူတွေမလိုအပ်တဲ့ လူပိုတစ်ယောက်လဲ မဖြစ်ချင်ပါဘူး...
- နွားကလေးနို့ နွားကြီးစို့
- အဖေ့မိုးက ရေပါမိုး
- မေမြို့ လွမ်းချင်း***♪♪
- လက်ကိုက်ခွေး
- အချစ်ကို နှစ်တရာမက ချစ်ချင်သူ...
- မဖြစ်နိုင်တဲ့ ၁၀ စက္ကန့်
- အောင်မြင်ခြင်းရဲ့ လျှိုဝှက်ချက်
- အပျိုကြီး / လူပျိုကြီးများ ဘယ်သော်အခါမှ ပြည့်စုံခြင်းမရှိ
- တွက်ကြ ချက်ကြသော နှစ်လုံးသမားများ
- မြည်းတစ်ကောင်ရဲ့ သတ္တိ
- အောက်ခြေလွတ်လို့ (ဟာသ)
- နားနားပြီးပြော(ဟာသ)
- ခြေလှမ်းများ
- အလွမ်း(အကြိုက်ဆုံး ကဗျာ)
- ချစ်စရာ .. ဓလေ့လေးတစ်ခုပါ
Thursday, January 3, 2013
ထာဝရ ကုသိုလ်တိုးပွားစေတဲ့ ထာဝရဒါန (၆)
(၁) အာရာမရောပဒါန- ပန်းဥယျာဉ်၊ သစ်သီးဥယျာဉ်များကို လှူဒါန်းခြင်း။
(၂) ၀နရောပဒါန- အရိပ်ကောင်းတဲ့သစ်ပင် များကို စိုက်ပျိုးလှူဒါန်းခြင်း။
(၃) သေတုကာရကဒါန- တံတားခင်းပြီး လှူဒါန်းခြင်း။
(၄) ပပါဒါန- ရေအိုးစင်တည်၍ လှူဒါန်းခြင်း။
(၅) ဥပပါနဒါန- ရေတွင်းရေကန်တူး၍ လှူဒါန်းခြင်း။
(၆) ဥပဿယဒါန - ဇရပ်၊ တန်ဆောင်း၊ ကျောင်း၊ ပြာသာဒ်၊ သိမ်၊ ဓမ္မာရုံ လှူဒါန်းခြင်း။
ဒီဒါန (၆) မျိုးအနက် တစ်မျိုးမျိုးကို လှူဒါန်းသူဟာ နေ့ရော ညဥ့်ပါ အခါခပ်သိမ်း ကုသိုလ်တရား တိုးပွားတယ်။ သေလွန်တဲ့အခါ နတ်ပြည်သို့ လားရောက်ရတယ်။ သာဝတ္ထိပြည် ဇေတ၀န်ကျောင်းမှာ မြတ်စွာဘုရားသီတင်းသုံးစဉ်အခါ ညဥ့်သန်းခေါင်ယံမှာ နတ်သားတစ်ပါး မေးလျောက်တယ်။
“အရှင်ဂေါတမ… အဘယ်သူတို့ဟာ နေ့ရောညဥ့်ပါ အခါခပ်သိမ်း ကောင်းမှုတိုးပွားကြပါသလဲ၊ အဘယ်သူတို့ဟာ သီလနှင့် ပြည့်စုံပါကုန်သလဲ၊ အဘယ်သူတို့ဟာ နတ်ပြည်သို့ သွားကြရကုန်ပါသလဲ”
“ အို…နတ်သား၊ အကြင်သူတို့ဟာ သစ်သီးဥယျာဉ် ၊ ပန်း ဥယျာဉ်။ အရိပ်ကောင်းသစ်ပင်များကို စိုက်ပျိုးလှူဒါန်းကြတယ်၊ တံတားခင်းကြတယ်၊ ရေအိုးစင်တည်ခင်းကြတယ်၊ ရေတွင်း ရေကန်နှင့် ကျောင်း၊ သိမ်၊ ဓမ္မာရုံ နေရာကောင်းတို့ကို လှူဒါန်းကြတယ်၊ ထိုသူတို့မှာ နေ့ရော ညဥ့်ပါ အခါခပ်သိမ်း ကုသိုလ်တိုးပွားတယ်၊ ထိုသူတို့ဟာ တရားမှာ တည်ကုန်တယ်၊ အလေ့အထ စာရိတ္တသီလ နှင့် ပြည့်စုံကုန်တယ်၊ ထိုသူတို့ သေလွန်တဲ့အခါ နတ်ပြည်သို့လားရောက်ကြတယ်”
ကုသိုလ်တွေအမျိုးမျိုးယူနိုင်ကြပါစေ.....
Posted by zaw lai
ဖတ်မိမှတ်မိသမျှလေးပါနတ်ဆိုးwww.lawkanet.blogspot.com
Labels:
အထွေထွေ
Subscribe to:
Post Comments (Atom)
Comment ;
HTML Comment Box is loading comments...
No comments:
Post a Comment