နှစ်ဟောင်း သက္ကရာဇ်တွေသာ ကုန်သွားလို့
နှစ်သစ်သာရောက်ခဲ့တယ်
စွဲလန်းစိတ်တွေနဲ့ .. အတ္တစကားတွေ
ကမ္ဘာကို လွှမ်းမိုးနေသေးမလား ..
ဘာလဲ.. ငါ့ ဟာ ၊ အဲ့တာ ငါ့ဟာ ၊ ငါ့ နေရာ ၊ ငါ့ ထိုင်ခုံ ၊ ငါ့ ပစ္စည်း ၊ ငါ့ ဥစ္စာ ၊
ငါဆိုတဲ့ အတ္တစိတ်တွေ မကင်းသေးတာ ဧကန်....။
ပုထုဇဉ် လူသားမို့ အမှားမကင်းတာ ပြောကြစတမ်းပါ....
အမှန် / အမှား တွေနဲ့
နေ့ ၊ ည မပြတ် နွံဆွဲနေရတာ
ဘယ်ဘက်ပဲ ရပ်ရပ်
ရပ်တည်တဲ့ ခြေလှမ်းတွေ
ယိုင်မသွားဖို့က အရေးကြီးတယ်
မဟုတ်ရင် ဒိုင်စားသွားမယ်. .. ။
ဘေးစကားတွေကို နားမယောင်ပဲ
ကိုယ့်စကားကိုယ်သာ သေချာ နားထောင်ကြည့်ဖို့ လိုမယ်..။
(လမင်း)
No comments:
Post a Comment