လာရောက်လည်ပတ်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်လျက် သိသမျှ တတ်သမျှကို တက်နိုင်သမျှ ပြန်လည်မျှဝေပါမည် မိမိကြိုက်နှစ်သက်သော ပို့စ်များကိုလည်း ကူးယူ၍ ပြန်လည်ကာ မျှဝေနိုင်ပါသည် လိုအပ်ချက်လေးများ ရှိပါက ဖြည့်စွက်နားလည်ပေးပါလို့ ပြောကြားရင်း ကောင်းသောနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေသား (စာရေးသူ ပို့စ်တင်သူတို့၏ အားဆေးဟာ စာဖတ်သူတို့၏ ဝေဖန်အကြံပြုသော ကွန်မန်းစာသားများသာ ဖြစ်ပါသည်။) (လမင်း)
စေတနာ ကောင်းရင် ကံကောင်းမည် စိတ်ထားကောင်းရင် ကံလှမည် မေတ္တာထားရင် သင့်ဒီဘဝ ပျော်စရာပါ ဘာလိုသေးလဲ

♥ သူ့ဘေးနားက ♥ (လက်တော့လေးဖြစ်ချင်တယ်)

မင်းနဲ့အတူ ထိုင်ဖူးခဲ့တဲ့ နေ့စွဲလေးတွေကိုသတိရတယ်...
ဘယ်သွားသွား ယူသွားတတ်တဲ့..
မင်းဘေးနားက လက်တော့လေးဖြစ်ပါရစေ...။
မင်းအသုံးပြုတိုင်း ပျော်မယ်ဆိုရင်..
ဘယ်လောက်ပဲ နှိပ်နှိပ် ကျွန်သွားပါစေ.
မင်းညောင်းလို့ ရပ်တဲ့အထိ (အနှိပ်ခံလိုက်မယ်)
မင်းလက်ပေါ်မှာပဲ ပျက်သွားနိုင်တဲ့ လက်တော့လေး
ဟောင်းသွားလို့ မသုံးတော့ဘူးဆိုရင်လည်း..
လွှတ်တော့ မပစ်လိုက်ပါနဲ့...
မင်းနဲ့ အနီးဆုံးနေရာမှာ မှတ်မှတ်ရရ သိမ်းထားပေးပါ..
ရင်တွင်းဖြစ် (လေးစားလျက်) လမင်း

Related Post

Menu

Thursday, January 3, 2013

Blogger နွေဦးလေနှင့် အင်တာဗျူး




lamin: ဟိုင်း နေကောင်းတယ်နော်. .
thetzawhun: ဟုတ် ကောင်းတယ်ခင်ဗျ

lamin:  ဒီနေ့ အလုပ်ပိတ်ရက်ပဲ ..ပို့စ်တွေ အသစ်တွေ တင်ဖြစ်လားဗျ..
thetzawhun:  ဘလော့တော့ မတင်ဖြစ်ဘူးဗျ ဖေ့ဘွတ်တော့တင်ဖြစ်နေတယ်

lamin:  ဟုတ်ကဲ့ .. ဒီနေ့အချိန်ပေးနိုင်မလား ..20 မီနစ်လောက်ပေါ့ ..
thetzawhun:  ဟုတ်

lamin: အဆင်ပြေရင် ဒီနေ့ ..ကျွန်တော် ညီ့ကို အမေး အမြန်းလေး လုပ်ချင်တယ်. .နည်းနည်းပေါ့ .. ဖြေပေးနိုင်မလား ..
thetzawhun:  ဟုတ်ရပါတယ်
 -----------------------------------------------------------------------------------------------------------------------------------------------------------


lamin: ဟိုင်း မင်္ဂလာပါ နွေဦးလေ.. ညီငယ်ရဲ့ နာမည်အရင်းလေးကို သိပါရစေ
thetzawhun:  ခန့်ထွန်းကျော်ပါ

lamin:  နွေဦးလေ အသက်က ဘယ်လောက်လဲဗျ.. 
thetzawhun:  အသက် ၁၉ပါ

lamin: ဟုတ်ကဲ့ ..အင်တာနက်ကို ဘယ်အချိန်က စသုံးဖြစ်တာလဲ ပြီးတော့ရော်.. နွေဦးလေ ဆိုပြီး.. ကလောင်နာမည်က ဘယ်လို ပေးဖြစ်တာလဲ
thetzawhun:  ဟုတ်ကဲ့ အင်တာနက်ကို ၁၀တန်းပြီးကာစမှာစသုံးဖြစ်ပါတယ် ကျွန်တော်မှာ ကလောင် ၂ခုရှိပါတယ် မောင်မောင်ခန့် နှင့် နွေဦးလေ ပါ (နွေဦးလေ)ဆိုပြီး ၂၀၀၉ ခုနှစ်က TEENမဂ္ဂဇင်း ရေးကြည့်ပါ ကဏ္ဍမှာ အက်ဆေး တစ်ပုဒ်ပါဖူးပါတယ်
lamin: ဟုတ်ကဲ့ ..
thetzawhun:  နောက်ပိုင်းကဗျာတွေပဲရေးဖြစ်လာတော့ နွေဦးလေ ကလောင်နဲ့ ပြောင်းရေး ဖြစ်ပါတယ် အခုနောက်ပိုင်း နွေဦးလေပဲသုံးဖြစ်ပါတယ်

lamin:  ဟုတ်ကဲ့ .. နွေဦးလေ ကလောင်နာမည်ကို ဘယ်လို စိတ်ခံစားချက်နဲ့ ပေးဖြစ်တာတုန်း....
thetzawhun: ကျွန်တော် ဂျာနယ်တစ်စောင်ကို ကဗျာ စာမူ စပို့တော့ ကဗျာနာမည်က နွေအလွမ်းဗျ အဲ့ချိန်ထိ ကလောင် မမှည့်
ရသေးဘူး စာတိုက်ကလဲ ပိတ်ခါနီးတာနဲ့ ကဗျာနဲ့လိုက်အောင် နွေဦးလေ လို့ပေးလိုက်တာပါ

lamin: ဟုတ်ကဲ့ ..ဆိုဒ်တစ်ခုဖွင့်ဖြစ်တဲ့ ပုံလေးကရော အင်တာနက်ပေါ်မှာ.. ပြီးတော့ ပို့စ်ရေးသားတင်တဲ့ ခံစားချက်ရော..
thetzawhun: သူငယ်ချင်းတစ်ယောက်က မင်းကဗျာတွေ စာတွေ စုစည်းထားလို့လဲ ရတယ်ပေါ့ အင်တာနက်ပေါ်မှာ အဲ့သလိုနဲ့ ဖွင့်ဖြစ်တာပါ..။ ဘလောခ့်ပို့တစ်ခုကို စိတ်ထွက်ပေါက်အနေထက်စာရင်  မျှဝေဖို့လို့မှတ်ပါတယ်

lamin: ကောင်းပါတယ်..ခင်ဗျာ အခုလို ကိုယ်တိုင်အတတ်ပညာ ရေးသား ကိုးကား မျှဝေတာ လေးစားပါတယ်.. တစ်ခြား အပြင်ပိုင်းမှာရော ရေးဖြစ်လား ...
thetzawhun: မဂ္ဂဇင်း ဂျာနယ်တွေမှာလဲရေးပါတယ်

lamin: ဒါဆို ကိုယ်တိုင် ရေးသားရတာ  နွေဦးလေရဲ့ ၀ါသနာပေါ့ ..
တစ်ခြားသော ဆောင်းပါး သို့မဟုတ် ၀တ္တုတွေရော် ရေးသားဖြစ်လား ..ကဗျာ တစ်မျိုးတည်းလား
thetzawhun: ၀တ္ထုတိုတော့ရေးဖြစ်ပါတယ် အကို

lamin: ဟုတ်ကဲ့ ..အခု လက်ရှိနေထိုင်နေတာကရော..
thetzawhun: ပြည်မှာပါ ခင်ဗျာ

lamin: ဟုတ်ကဲ့ ဗျ...နွေဦးလေ အနေနဲ့ .. ကိုယ်တင်ထားတဲ့ ပို့စ်လေးတွေအတွက်..
အင်တာနက်သူငယ်ချင်းတွေရဲ့ ကွန်မန်လေးတွေရတဲံ့ အပေါ်မှာေ၇ာ..စိတ်၏ ခံစားချက်လေး ပြောပြပါအုန်း
thetzawhun: ကျွန်တော် ဘလော့ထက် ဖေ့စ်ဘွတ် ပိုသုံးဖြစ်ပါတယ် ၂ခုစလုံးက ရေးဖော်ရေးဘက်တွေ ဆရာတွေ စာဖတ် သူတွေရဲ့ ကွန့်မန့်တွေဟာ အားပါပြီးတော့ ကိုယ့်ရဲ့ ပြင်စရာ ဆင်စရာတွေကို ထောက်ပြပေးတဲ့ အရာတွေလို့ ထင်မြင်ပါတယ်...။

lamin:  ဟုတ်ကဲ့ ..
နွေဦးလေ က အခု အသက် 19 နှစ်နော်.. စာပေတွေ ကဗျာတွေ ၀ါသနာအပြင်.. တစ်ခြား ၀ါသနာ တစ်ခု အခြားတစ်ခုပေါ့ ..ရှိသေးလား
thetzawhun: ဂီတပါ…ခင်ဗျာ

lamin: ဒါဆိုရင် ကျွန်တော်နဲ့တော့ တူသွား ပီ ဟဲ ဟဲ……
ကိုယ်တိုင်ရော် ဆိုဖြစ်လား ဗျ.. ပြီးတော့ရော် သီချင်းရေးသားဘူးလား ..
thetzawhun: ဟုတ်လက်ရှိ ရေးဖြစ်နေပါတယ် အကို … ဆိုလဲ ဆိုဖြစ်ပါတယ်

lamin: ဒါဆို အဆိုလဲ ၀ါသနာပါတယ်ပေါ့
thetzawhun: ဟုတ်ကဲ့

lamin: ဒါဆို နွေဦးလေ အနေနဲ့ အင်တာနက်ကို ဘယ်အချိန်တွေမှာ သုံးဖြစ်လဲ ..
thetzawhun: ကျွန်တော် ကျောင်းမတက်တဲ့ အချိန်တွေမှာ အတိအကျမရှိ သုံးဖြစ်ပါတယ်

lamin: အော် ဟုတ်ကဲ့ ..အချိန်ကို ဒီအတွက် ရရင် ရသလို သုံးဖြစ်တာမျိုးပေါ့ .. သုံးဖြစ်တဲ့အခိုက် အိမ်မှာအသုံးများလား ဆိုင်မှာ အသုံးများလား
thetzawhun: ဟုတ်ကဲ့ အိမ်မှာ ..wi fi ရှိတော့ လူမရှိလဲ ဖွင့်ထားတတ်ပါတယ် အိမ်မှာပဲ အသုံးများပါတယ်..

lamin: အော်. .. ဒါဆို အဆင်ပြေတာပေါ့
ရှေ့ဆက်ပြီး ကဗျာတွေအတွက်ရော.. ဘယ်လို ပို့စ်တွေအနေအထားနဲ့ ပြင်ဆင်ထားလဲ ရှိသလား ..
thetzawhun: အထူးကြီး ပြင်ဆင်ထားတာတော့ မရှိပါဘူး ခံစားချက် ရေးသားစရာလေး တွေ့ရင် တင်ဖြစ်တဲ့ အနေအထားလောက်ပဲ ရှိပါတယ်…အကို စိတ်ပါရင်ပါသလိုရေးဖြစ်တာပါ

lamin: ဟုတ်ကဲ့ ..နွေဦးလေ အခုလို ..  ခဏတွေ့ဆုံခိုက် မေးမြန်းတာလေးတွေ အချိန်ပေးပြီး ဖြေကြားပေးလို့.. ကျေးဇူးတင်ပါတယ်..
thetzawhun: ဟုတ်ကဲ့ပါ.. 

lamin: နှစ်သစ်မှာ ပျော်ရွှင်ပါစေလို့ ဆုတောင်းရင် .. ကဗျာပို့စ် ကောင်းလေးတွေ များများစုစည်းနိုင်ပါစေလို့ .. ထပ်မံဆုတောင်းပေးလိုက်ပါတယ်..
thetzawhun: ဟုတ်ကဲ့ အခုလို .. တစ်ထောင့်တစ်နေရာကနေ အစ်ကိုပြောသလို တွေ့တဲ့အခိုက် ကျွန်တော့်ကို မေးမြန်းလို့ .. ၀မ်းသာမိပါတယ်. …အကို ကျွန်တော့ရဲ့ ကိုယ်ပိုင် ဆိုဒ်လေးကိုလည်း အလည်တစ်ခေါက်လာရောက်ဖတ်ရှု အားပေးပါလို့ သူငယ်ချင်းတွေကို ပြောချင်ပါတယ်..( http://nwayoolay.blogspot.com/ )

lamin:  အင်တာနက်ပေါ်က နွေဦးလေ စာဖတ်မိတ်ဆွေ သူငယ်ချင်းတွေကို ဘာများပြောကြားချင်ပါသေးလဲ .. ခင်ဗျာ..

thetzawhun:  ကျွန်တော့ရဲ့ အတွေး အရေးနဲ့ ကိုးကားသမျှကို ဖတ်ရှုတဲ့ အင်တာနက် သူငယ်ချင်းများ နှစ်သစ်မှာ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.. နောက်လဲ .. ကျွန်တော့် ဘလော့စပေါ့ဆိုဒ်လေးကို အလည်တစ်ခေါက်လာရောက်ကြပါအုန်းလို့ ဒီနေရာလေးကနေ ဖိတ်ခေါ်လိုက်ပါတယ်.. ဟုတ်ကဲ့ ကျေးဇူးပါ.. ( http://nwayoolay.blogspot.com/ )

ကိုယ်တိုင်ရေး ကိုယ်တိုင်တွေး ၀ါသနာပါသော အင်တာနက်ပေါ်က အထင်ကရမဖြစ်သေးသော စာရေးဝါသနာ ရှင် ဘလော့ကာသမားများအတွက် နောက်ထပ် နောက်ထပ် ဘယ်သူတွေနဲ့ ဆက်လက် တွေ့ဆုံမေးမြန်းရင်း …..။  

လိုအပ်ချက်လေးများရှိပါက ဖတ်ရှု့သူ သူငယ်ချင်းများ ကို ကြိုတင်တောင်းပန်လိုက်ပါတယ်..


 post by ; lamin
ပါဝင် ဖြေကြားပေးသောနွဦးလေ အား အထူးပင်ကျေးဇူတင်လျက်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Comment ;

HTML Comment Box is loading comments...