Dynamo ရေပေါ်လမ်းလျှောက်တာလောက်တော့
ထိုင်ပါ ငိုသွားမယ်..
ငါက ရေပေါ်မှာ ထိုင်ပါချထားတာ..
နင် မအံ့သြဘူးလား.. မေးချင်တယ်...။
နင့်အတွက်ဆို အရာအားလုံး ငါပြောရဲတယ်..
ကျန်စစ်သားသာ ရှိနေရင် သူနဲ့အတူ စစ်ကစားပြအုန်းမယ်..
အနော်ရထားရှိအုန်းမယ်ဆို.. ထီးနန်းတွေကို အပြိုင်လုအုန်းမယ်.
နင်ယုံကြည်မှလည်း ယုံကြည်ပေါ့..
ငါက နင့်အတွက် ငါပေးအပ်နိုင်တဲ့ .. သတ္တိလို့ ပြောလို့ရတယ်..
ဒါပင်မဲ့ တစ်လောကလုံးကို အံတုနိုင်ပင်မဲ့
နင့်ကို ပြောမဲ့ စကားတစ်ခွန်းလောက်ကို ..
ငါဘာလို့ တွေးကြာက်နေမိလည်း မသိဘူး အံ့သြမိတယ်..
ငါ့ရင်ခုန်သံနဲ့အတူ နင့်ကို (ချစ်ပါတယ် )..ဆိုတာဘဲ..
ဒါကြောင့် အခု ငါ ဆားတစ်ထုပ်ယူလာတယ်..
ဘာလို့လည်း သိလာ ..
ငါ့ရင်ထဲက အချစ်စကားသံတွေ ပေါ့မှာကိုကြောက်လို့..
နင့်စိတ်ထဲ ချစ်တယ်ဆိုတဲ့ စကားသံတွေ ပေါ့နေမယ်ဆိုရင်..
ဒီဆားထုပ်နဲ့ .. လေးသွားအောင် ဆားခပ်ပေးပါလို့..
တောင်းဆိုချင်လို့ပါ.. ချစ်သူ...။
ဆားပေါ့နေတဲ့ ကျွန်တော် မောင် (လမင်း) ခပ်ပေးပါ ခပ်ပေးပါ ချစ်သူ ငါ့ စကားအချစ်တွေအတွက်
No comments:
Post a Comment